DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ် တောင်သူများ လယ်မြေပြန်ရရေး ငါးကန်ဖောက်ချပြီး ပြန်စိုက်
DVB
·
May 8, 2014
မတ္တရာမြို့နယ် တောင်သူများ လယ်မြေပြန်ရရေး ငါးကန်ဖောက်ချပြီး ပြန်စိုက်
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ် သပြေသာရွာက ကျေးရွာသူကျေးရွာသားတွေဟာ မိမိပိုင်ဆိုင်ခဲ့တဲ့ မြေတွေ ပြန်ရရှိရေးအတွက် သိမ်းဆည်းခံမြေပေါ်မှာက ငါးကန်တွေကို ဖောက်ချပြီး ၀င်ရောက် စိုက်ပျိုးမှုတွေ လုပ်ဆောင်နေပါတယ်။

မတ္တရာမြို့နယ် သပြေသာကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ လယ်မြေတွေကို ၁၉၉၀-၉၁ ခုနှစ်က ဒေသအခြေစိုက် ခမရ ၁၁၆ နဲ့ ၁၁၉ တပ်တွေက သိမ်းယူခဲ့ပါတယ်။ ဒီနောက် ၃ နှစ်လောက်အကြာမှာ အဲဒီနေရာတွေကို စံပြငါးမွေးမြူ ရေးကုမ္ပဏီကို အငှားချပြီး လုပ်ကိုင်စေခဲ့ပါတယ်။

[caption id="attachment_56237" align="alignleft" width="300"]မတ္တရာမြို့နယ် တောင်သူများ လယ်မြေပြန်ရရေး ငါးကန်ဖောက်ချပြီး ပြန်စိုက် နေစဉ် (ဓာတ်ပုံ - ဟန်ဝင်းအောင်) မတ္တရာမြို့နယ် တောင်သူများ လယ်မြေပြန်ရရေး ငါးကန်ဖောက်ချပြီး ပြန်စိုက် နေစဉ် (ဓာတ်ပုံ - ဟန်ဝင်းအောင်)[/caption]ငါးမွေးမြူရေးကုမ္ပဏီကလည်း ဒီနေရာမှာ ရေလှောင်ရင်း လယ်ယာ မြေတွေ ရေထဲမြုပ်ပျက်စီး သွားတဲ့စပါးတွေအတွက် တဧက ၃ သောင်းနဲ့ လျော်ကြေးပေးကာ လယ်ယာမြေတွေအစား ငါးကန်တွေ အဖြစ်ပြောင်းလဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေကလည်း လယ်ယာမြေတွေပြန်ပေးဖို့ အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတဲ့အတွက် မေလ ၁ ရက်နေ့ကစပြီး ငါးကန်တွေကိုရေဖောက်ချပြီး ပေါ်လာတဲ့ မြေပေါ်မှာ စပါးတွေ ၀င်ရောက် စိုက်ကြတာလို့ လယ်သမားအရေးလုပ်ရှားသူတဦးက ပြောပါတယ်။

“ငါးကန်ကုမ္ပဏီက ဒီလယ်ယာမြေတွေကို ရေတွေ သိုလှောင်ရင်းနဲ့ လယ်ယာမြေတွေက ရေအောက်မှာ မြုပ်သွားတယ်။ မြက်စားငါးတွေ မွေးလိုက်တဲ့အတွက် စပါးပင်တွေကို ၀င်ပြီးစားတယ်။ စပါးပင်တွေ ပျက်စီးလို့ဆိုပြီး ၁ ဧကကို ၃ သောင်းနှုန်းနဲ့ လျော်ကြေးပေးခဲ့တယ်။ စာချုပ်မှာကျတော့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်ပြီးတော့ လွှဲပြောင်းတယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ ရှိတယ်။ သီးနှံလျော်ကြေးပေးပြီးပုံစံ လုပ်ခဲ့တာ ရှိသလို လယ်ယာမြေတွေ ရေအောက်မှာ တဖြည်းဖြည်း နစ်မြုပ်သွားတဲ့ကိစ္စကျတော့ ရေတွေကို ပြန်မလျှော့ပေးဘဲ ငါးကန်တွေနဲ့ ဆက်ပြီးလုပ်ခဲ့တာ။ အဲဒါကြောင့် လယ်သမားတွေက ရေတွေကို ဖောက်ထုတ်ပြီး စပါးတွေ ၀င်ကြဲပြီး စိုက်ပျိုးတာ ဖြစ်တယ်။”

လယ်ယာမြေတွေကို ကိုယ်တိုင်ခုတ်ထွင်ပြီး လုပ်ကိုင်လာခဲ့တဲ့ အသက် ၇၀ အရွယ် ဦးဝင်းမောင်ကလည်း လယ်မြေအသိမ်းခံရတုန်းက စပ်တပ်အုပ်ချုပ်တဲ့ ခေတ်ဖြစ်တဲ့အတွက် ပြန်လည်မတောင်းဆိုရဲဘဲ ခုပွင့်လင်းလာတဲ့အချိန်မှာ ပြန်လည်တောင်းဆိုတာလို့ ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးကာလမှာ စစ်တပ်ကို ရှေ့တန်းတင်ပြီးတော့ စစ်သားတွေကို ဘေးကထားပြီးတော့ တွေ့ရာလူတွေကို ပိုက်ဆံပေးခေါ်ပြီးတော့ စစ်သားတွေကို စိမ်းနေအောင် ချထားပြီးတော့ ကန်ဘောင်ရိုးကြီးလုပ်နေသွားတာ။ ဘဘတို့ အဲဒီအချိန်အခါမှာ မတားရဲလို့ မတားခဲ့ဘူး။ အခုအချိန်အခါမှာ တားရဲလာပြီ၊ ပြောရဲလာပြီ ထင်သာမြင်သာလည်း ရှိလာပြီ နိုင်ငံတော်ကလည်း ဒီဟာတွေကို ပြန်ပေးဖို့ ဆုံးဖြတ်ချက်ချကုန်ကြပြီလေ။ ဒါကြောင့်မို့လို့ ဘဘတို့က လိုချင်ပါတယ်။ ကိုယ့်ပစ္စည်းကို ကိုယ်ပြန်ရချင်လို့ပါ။ ဒါတွေကို အခုမှ ဘဘတို့ကို တရားစွဲမယ်တို့ ပိုက်နက်ကျူးလွန်မှုတို့၊ ပိုင်နက်ကျူးလွန်မှုကို မြေစာရင်းဦးစီးတွေကို မေးချင်ပါတယ်။ နံပါတ် ၁ ဘယ်သူက စကျူးလွန်တာလဲ ဒါတွေကို သိဖို့လိုပါတယ်။”

လယ်သမားတွေ ငါးကန်တွေဖောက်ချနေချိန်မှာ ဒေသခံရဲတပ်ဖွဲ့ အင်အား ၂၀၀ လောက်နဲ့ လာရောက်တားဆီးခဲ့ပေမယ့် လယ်သမားတွေက ငါးကန်တွေဖောက်ချပြီး ၀င်ရောက်စိုက်ပျိုးမှု တွေ လုပ်ခဲ့တာလည်းဖြစ်တယ်။

ငါးကန်ဖောက်ချမှုနဲ့ပတ်သက်ပြီး လယ်သမား ၆ ဦးကို အရေးယူဖို့ မေလ ၂ ရက်နေ့က ဆင့်ခေါ်မှုတွေ ရှိခဲ့တယ်လို့လည်း လယ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013