DVB Logo
Home
မြန်မာသတင်း
အမှိုက်ကင်းစင်ရေး နာရေးကူညီမှုအသင်း လုပ်ဆောင်မည်
DVB
·
May 8, 2014
အမှိုက်ကင်းစင်ရေး နာရေးကူညီမှုအသင်း လုပ်ဆောင်မည်
Donate to DVB

ရန်ကုန်မြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အမှိုက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံက အလိုအပ်ဆုံးသူတွေအတွက် လူမှုအကူအညီတွေပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

[caption id="attachment_56229" align="alignleft" width="300"]သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ ဟောပြောပွဲ (ဓာတ်ပုံ - ကိုကျော်သူ) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ ဟောပြောပွဲ (ဓာတ်ပုံ - ကိုကျော်သူ)[/caption]ရန်ကုန်မြို့မှာ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တာတွေ၊ အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ တွေကြောင့် နာရေး ကူညီမှုအသင်းအနေနဲ့ အမှိုက်စနစ်တကျ စွန့်ပစ်အောင် ဦးဆောင်ပြီး လုပ်မယ်လို့ အသင်းရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ အမှိုက်ကောက်တာထက် လူတွေကို အမှိုက်ကို စနစ်တကျ စွန့်ပစ်တက်အောင်လို့ ဦးဆောင်ပြီးတော့ပေါ့နော်။ ကျမတို့ ကောက်ရင် လူတွေက နည်းနည်းရှက်လာပြီးတော့ သူတို့ပါ ပါဝင်လာပြီး ကောက်တတ်လာမယ်။ နောက်ထပ် ပစ်ဖို့ အားနာလာမယ်ဆိုတဲ့ အခြေအနေမျိုးကို သွားချင်တာလေ။ ပထမဆုံးက ကျမတို့ ဒီအတိုင်းလျှောက်ကောက်တာထက် သူတို့ကို ပညာပေးဖို့ ဟောပြောပွဲလေးတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။”

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အသင်းရုံးအခြေစိုက်ရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ အမှိုက်စနစ်တကျ စွန့်ပစ်မှုတွေကို ပထမဆုံး စံပြအဖြစ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသင်းအနေနဲ့ ပညာပေးအနေနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ကျရင် အသင်းသူ အသင်းသားတွေနဲ့ သူတို့မိသားစုတွေကို ပညာပေးမှာဖြစ်ပြီး ၁၅ ရက်နေ့ ကျရင်တော့ ရပ်ကွက်က လူတွေကိုခေါ်ပြီး ဟောပြောပွဲလုပ်ဆောင်မယ်လို့ ပြောပါတယ်။

အမှိုက်နဲ့ ပတ်သက်ရင် အများက စည်ပင်အလုပ်လို့ သတ်မှတ်ကြပေမယ့် စည်ပင်သာယာ ရေးဌာနအနေနဲ့ အမှိုက်သိမ်းဖို့ဖြစ်ပြီး စနစ်တကျ အမှိုက်စွန့်ဖို့ကတော့ ပြည်သူရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

“အဲဒီလိုပဲ ထင်ခဲ့ကြတာပဲနော်။ စည်ပင်ရဲ့အလုပ် ကိုယ်နဲ့မဆိုင်ဘူးပေါ့နော်။ စည်ပင် အလုပ်ကတော့ တကယ့်တကယ် အမှိုက်ကို သိမ်းရမယ်။ အမှိုက်ကို စနစ်တကျ စွန့်ပေးရမယ်။ ဒါပေမယ့် အမှိုက်တွေ လမ်းပေါ်မှာ ပွနေတာ။ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တာ တွေက ပြည်သူလူထုတာဝန် ဖြစ်သွားပြီ။ ပြည်သူလူထုက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရမယ်။ အဲဒီလို စနစ်တကျစွန့်ပစ်တတ်အောင်လို့ ကျမတို့က လေ့ကျင့်ပေးချင်တာပါ။”

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ နာရေးကူညီမှုအသင်းအနေနဲ့ အမှိုက်ကောက်ဖို့ လုပ်ဆောင်ခဲ့ရာမှာ စည်ပင်သာယာရေး အဖွဲ့ကနေပြီး ခွင့်ပြုချက်မရရှိခဲ့ပါဘူး။

ဒီနှစ်တော့ မြို့နယ်က စည်ပင်သာယာရေးအဖွဲ့နဲ့ ဆွေးနွေးထားပြီး သူတို့အဖွဲ့အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟောပြောပွဲအတွက်တော့ ခွင့်ပြုချက် တောင်းခံထားပြီး အခုချိန်ထိ တစုံတရာ အဖြေမရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013