DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ရွှေ့ခိုင်းတဲ့အတွက် လဂတ်ယန် ဒုက္ခသည်စခန်း ပြောင်းရွှေ့
DVB
·
May 8, 2014
စစ်တပ်က ရွှေ့ခိုင်းတဲ့အတွက် လဂတ်ယန် ဒုက္ခသည်စခန်း ပြောင်းရွှေ့
Donate to DVB

ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက လဂတ်ယန် စစ်ရှောင် ဒုက္ခသည် စခန်းကို အစိုးရစစ်တပ်က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတဲ့အတွက် စခန်းမှာ ခိုလှုံနေတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ မေ ၇ ရက်နေ့ကနေ စတင်ပြီး စခန်းနေရာသစ်ကို ပြောင်းရွှေ့နေရပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အကြားက တိုက်ပွဲတွေကြောင့် လဂတ်ယန်ဒုက္ခသည် စခန်းမှာ ဒုက္ခသည်တွေ ခိုလှုံနေတာ တနှစ်ခွဲနီးပါး ရှိနေပြီဖြစ်ပါတယ်။

[caption id="attachment_56223" align="alignleft" width="300"]လဂတ်ယန် ဒုက္ခသည် စခန်းအား မြင်တွေ့ရစဉ် လဂတ်ယန် ဒုက္ခသည် စခန်းအား မြင်တွေ့ရစဉ်[/caption]ဒါပေမယ့်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းက တပ်ရင်းမှူးက တိုက်ပွဲတွေ ပြီးဆုံး သွားပြီဖြစ်သလို အဖြူရောင် နယ်မြေဖြစ်သွားပြီလို့ပြောဆိုပြီး ဒုက္ခသည်တွေကို ခိုလှုံခွင့်မပေးဘဲ အတင်းအကျပ် အိမ်ပြန်ခိုင်းတဲ့အတွက် အခုလို နေရာသစ်ကို ရွှေ့ပြောင်းရတာ ဖြစ်တယ်လို့ လဂတ်ယန် ဒုက္ခသည်စခန်း တာဝန်ခံ ဦးလဆန်က ပြောပါတယ်။

ပြောင်းရွှေ့လာတာ နှစ်နဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ အတွက် ဒုက္ခသည်တွေက ရွာက အိမ်တွေကို သွားရောက် ရှင်းလင်းဖို့ တပ်ရင်းမှူးထံ ခွင့်ပြုချက်ယူပြီး သွားရောက်ရှင်းလင်းရာမှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တဲ့အတွက် ပြန်လာရသလို ခုနေရာသစ်ကို ပြောင်းရွှေဖို့ အခက်တွေ့နေတယ်လို့ လည်း သူက အခုလို ပြောပါတယ်။

“ကျနော်တို့က ဒီမှာနေတာ တနှစ်ကျော်သွားပြီဆိုတော့ နေတတ်သွားပြီ။ အခုက ဟိုမှာ ကျနော်တို့ ပြန်ပြောင်းမယ်ဆိုတော့ နေရာပြန်ရှင်း၊ တဲတွေပြန်ဆောက်ဆိုတော့ မိုးကလည်းရွာဆိုတော့ တော်တော်လေး အခက်အခဲ ရှိတယ်။”

မန့်ဝိန်ကြီး ခရစ်ယာန် အသင်းတော်က ဒုက္ခသည်တွေ ခိုလှုံဖို့ နေရာသစ် ရှာပေးတဲ့ အတွက် ဒီစီစဉ်ပေးတဲ့ နေရာကို ပြောင်းရွှေ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီစခန်းက ဒုက္ခသည်တွေရဲ့ စာရင်းကို အစိုးရ စစ်တပ်က လိုက်လံကောက်ခံတာတွေရှိခဲ့သလို ဒီစခန်းက ဒုက္ခသည် ၁၄ ဦးကိုလည်း အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ဖူးပါတယ်။

လဂတ်ယန် ဒုက္ခသည် စခန်းက ဒုက္ခသည် အိမ်ထောင်စု ၉၂ စု လူဦးရေ ၄၄၀ ရွှေ့ပြောင်းမှာဖြစ်ပြီး တခြား အိမ်ထောင်စု ၂၀ လောက်က တရုတ်နယ်စပ်ကို ထွက်သွားပြီလို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013