
ဂါနာနိုင်ငံဟာ မတ် ၂၄ ရက်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေးမိတ်ဖက်အဖြစ် ဥရောပသမဂ္ဂနဲ့ လက်မှတ်ထိုးတဲ့ ပထမဆုံး အာဖရိကနိုင်ငံ ဖြစ်လာခဲ့ပြီလို့ ဥရောပါသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာယာကာလက်စ်က ဂါနာမြို့တော် အက်ခရာမှာ ကြေညာခဲ့ပါတယ်။
သဘောတူညီချက်ကို ကားလက်စ်နဲ့ ဂါနာဒုတိယသမ္မတ ဂျိန်းနာနာပိုကူ-အာဂီမန်တို့က လက်မှတ်ရေးထိုးခဲ့ပြီး လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးပစ္စည်းတွေအတွက် ပြဋ္ဌာန်းချက်တွေ ပါပါတယ်။
ဒီသဘောတူညီချက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပဋိပက္ခ ကာကွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေး အပါအဝင် နယ်ပယ်တွေမှာ ပိုနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ သူက ပြောခဲ့ပါတယ်။
ဒီမိတ်ဖက်အဖွဲ့ဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ကားလက်စ်က ပြောပါတယ်။
Source: Reuters








