DVB Logo
Home
မြန်မာသတင်း
အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ စီးပွားရေး စိန်ခေါ်မှုများ
DVB
·
May 8, 2014
အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ  စီးပွားရေး စိန်ခေါ်မှုများ
1 / 2
Donate to DVB

ရေးသားသူ - က၀ီ ချောင်ကစ်တ၀န်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို မေ ၁၀ ရက်ကနေ ၁၁ ရက်ထိ ပထမဆုံးအကြိမ် လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံရဲ့ အဓိက ရည်မှန်းချက်တခုဖြစ်တဲ့ အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) ခေါ် အာဆီယံဘုံဈေးကွက်ထူထောင်ဖို့ ကိစ္စလည်းဆွေးနွေးကြဖို့ ရှိနေပါတယ်။

ASEAN Logoမြန်မာ့အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာ ကံဇော်ကတော့ ဒေသတွင်း စီးပွားရေး ပေါင်းစည်းတိုးတက်မှုအတွက် နီးနီးကပ်ကပ် စုစည်းလုပ်ဆောင်မယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အတွက် ရှိနေတဲ့ စိန်ခေါ်မှုတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။

ဧပြီ ၅ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OECD ဌာနချုပ်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ဖိုရမ်မှာ မြန်မာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အာဆီယံအတွက် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေထဲမှာ မျှတမှု၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အားလုံးပါဝင်တဲ့ ကြီးပွားတိုးတက်မှု တွေပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တောင့်တင်းခိုင်မာလာစေရေး မျှတတဲ့ ဝေစုအတွက် လုံးဝ အလေးအနက် ထားပါတယ်လို့ အာဆီယံရဲ့ ဘုံပန်းတိုင်ကို ရည်ရွယ်ပြီး အာဆီယံက ၀န်ကြီးတွေနဲ့ နိုင်ငံတကာက ပါဝင်တက်ရောက်သူတွေကို မြန်မာဝန်ကြီး ကပြောပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း (AEC)အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အာဆီယံ အဖွဲ့က ကြိုးပမ်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်က အရှေ့တောင် အာရှနိုင်ငံမှာ ကုန်ပစ္စည်းနဲ့ အရင်းအနှီးတွေ လွတ်လပ်စွာ သယ်ယူခွင့် ထုတ်လုပ်မှုတွေ တိုးတက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

မြန်မာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားစဉ်မှာ အာဆီယံက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အားကောင်းအောင် လုပ်ဆောင်နေသလို အခြေခံ အဆောက်အဦတွေ အတွက် ပုဂ္ဂလိကနဲ့ အစိုးရ အစုအစပ် လုပ်ငန်းတွေကို တိုးတက်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ယှဉ်ပြိုင်မှုကို ပံ့ပိုးပေးခဲ့တဲ့ အာဆီယံနဲ့ အရှေ့ အာရှက စီးပွားရေး သုတေသန အဖွဲ့အစည်း (ERIA)ကို လည်း ဒေါက်တာ ကံဇော်က ချီးကျူး ပြောဆိုပြီး ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်နဲ့ နားလည်မှု စာချွန်လွှာ သဘောတူ ညီမှုတွေ ရရှိစေခဲ့တဲ့ ERIA နဲ့ စီးပွားရေးပူးပေါင်းဖွံ့ဖြိုးမှု အဖွဲ့အစည်း OECD အကြားက တိုးမြင့်လုပ်ဆောင်လာတဲ့ စေ့စပ်ဆွေးနွေးမှုတွေကိုလည်း သူက ချီးကျူးပါတယ်။

ဒီလို မိတ်ဖက်ပူးပေါင်းဆောင်ရွက်က ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုနဲ့ ကောင်းမွန်တဲ့ အလေ့ အကျင့်ကောင်းတွေ ဖြစ်စေမယ်၊ အာဆီယံနဲ့ OECDက သမိုင်းကြောင်း ရှည်ကြာတဲ့ ဆက်ဆံရေးရှိသလို OECDဆီက အတွေ့အကြုံ တွေကို လေ့လာဖို့ လိုတဲ့အကြောင်းလည်း ဒေါက်တာ ကံဇော်က ပြောပါတယ်။

ပဲရစ်မြို့မှာကျင်းပတဲ့ ဒီဖိုရမ်မှာ မြန်မာဝန်ကြီးအပြင် အာဆီယံက ၀န်ကြီးတွေနဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ နယူးဇီလန်နဲ့ အိန္ဒိယ အပါအ၀င် ဆက်ဆံဖက် တိုင်းပြည်တွေက လည်း ပါဝင်ခဲ့ပါတယ်။

တက်ရောက်သူတွေတိုင်းက လာမယ့် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း အတွက် တိုင်းပြည်ရဲ့ အသေးစိတ် ကဏ္ဍတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

အာဆီယံ ၀န်ကြီးများကလည်း OECD အထွေထွေ အတွင်းရေးမှူး Angel Gurria ကို ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် အားလုံးပါဝင်နိုင်ဖို့ မြှင့်တင်ကူညီနိုင်မယ့် အရှေ့တောင် အာရှဒေသတွင်း အစီအစဉ်ကို လုပ်ဆောင်တဲ့အတွက် ချီးကျူးခဲ့ပါတယ်။

ခုသီတင်းပတ်အကုန် နေပြည်တော်မှာ ကျင်းပမယ့် ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမတိုင်မီ ပဲရစ်ဖိုရမ် ဆွေးနွေးပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013