DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးစနစ် လွဲမှားဆောင်ရွက်မှု မှတ်တမ်းရုပ်သံ ဒီဗွီဘီ ဖော်ထုတ်
DVB
·
May 8, 2014
တရားစီရင်ရေးစနစ် လွဲမှားဆောင်ရွက်မှု  မှတ်တမ်းရုပ်သံ ဒီဗွီဘီ ဖော်ထုတ်
Donate to DVB

မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်မှာ လွဲမှားဆောင်ရွက်မှုတွေ ရှိနေတဲ့အကြောင်းကို ဒီဗွီဘီ က စုံစမ်းစစ်ဆေးပြီး မှတ်တမ်းရုပ်သံတခုအဖြစ် ထုတ်လွှင့်ပြသသွားမယ့်အကြောင်းကို ဒီဗွီဘီက ထုတ်ပြန်လိုက်ပါတယ်။

ကာလပေါက်ဈေး ကျပ်သိန်း ၁ သောင်း ၅ ထောင်ခန့်တန်သည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ မြေကွက်နဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့အမှုနဲ့ ပတ်သက်ပြီး စုံစမ်းထားတာ ဖြစ်ပါတယ်။

Law DVB
ဒေါ်လျောင်ငုတ်လင် (ခ) ဒေါ်စန်းစန်းရီက ခြံပိုင်ရှင် ဦးလင်ယွန်းကျင်ရဲ့ တရားဝင်ဇနီး ဖြစ်တယ်လို့ အထောက်ထားအတုတွေ ပြသပြီး ခြံပိုင်အမည်ပေါက်ပြောင်းရေးအတွက် လျှောက်ထားသောအမှု ဖြစ်ပါတယ်။

ဒီ မှတ်တမ်းရုပ်သံကို တရားမကြီးအမှုအမှတ် ၄၁၆နဲ့ ၄၁၇ လို့ အမည်ပေးထားပြီး ကြာမြင့်ချိန် ၃၇ မိနစ်ခန့် ရှိပါတယ်။

ဒီမှတ်တမ်းရိုက်ကူးဖြစ်ခဲ့ပုံနဲ့ ဖော်ထုတ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မှတ်တမ်း ဦးဆောင်ရိုက်ကူးတဲ့ ဒါရိုက်တာလည်းဖြစ် ဒီဗွီဘီ လက်ထောက် ညွန်ကြားရေးမှူး လည်းဖြစ်တဲ့ ဦးခင်မောင်ဝင်းက အခုလို ပြောတယ်။

“ကျနော်တို့နိုင်ငံမှာ တရားစီရင်ရေးစနစ်ထဲမှာ အကျင့်ပျက်လာဘ်စားမှုတွေ ဖြစ်တယ်ဆိုတာ အားလုံးက သိနေကြတယ်။ ပြောလည်း ပြောနေကြတယ်။ ဒါပေမယ့် မီဒီယာအနေနဲ့ စနစ်တကျ စုံစမ်းဖော်ထုတ် တင်ပြတာမျိုး တခါမှ မကြုံဖူးသေဘူး။ ခြံစောင့် ဦးဝင်းထွန်းနဲ့ မနှစ်ဒီဇင်ဘာလောက်တုန်းက အဆက်သွယ်ရတဲ့အချိန်မှာ သူတင်ပြခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ ကြည့်လိုက်တော့မှ ဒါ ကြီးကြီးမားမား လွဲမှားမှုတွေ ရှိနေတယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက် ဘယ်လို လွဲမှားနေတယ်ဆိုတာသိချင်လို့ စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

ဒီမှတ်တမ်းရုပ်သံအတွက် အစိုးရ ဥပဒေအရာရှိတွေ၊ ပြင်ပ ဥပဒေပညာရှင်တွေ၊ တရားရုံး အရာရှိတွေ၊ သက်သေနဲ့ အမှုသည်ရှေ့နေတွေအပြင် လှည်းကူးမြို့ နယ် မြေစာရင်းရုံးအရာရှိများ ကိုလည်း တွေ့ဆုံမေးမြန်းရရှိထားတဲ့ အချက်အလက်များ မှန်ကန်မှုရှိမရှိကို စိစစ်ပြီး လေးလကြာ အချိန်ယူထုတ်လုပ်ထားတာပါ။

ဒီဗွီဘီ အနေနဲ့ ၁၉၉၇ ခုနှစ်ကတည်းကရှိခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ မှတ်တမ်းတွေကို စစ်ဆေးပြီး ပြည်တွင်းနေရာ အတော်များများအပြင် စင်ကာပူနိုင်ငံထိ သွားရောက်ကာ သတင်းအချက်အလက်တွေ ရရှိအောင်လည်း စုံစမ်းခဲ့ရတာဖြစ်ပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ မြန်မာနိုင်ငံမှာ အကျင့်ပျက်လာဘ်စားမှုတွေကို တိုက်ဖျက်ရာမှာ တဖက်တလမ်းက အထောက်အကူဖြစ်လိမ့်မယ်လို့ ဦးခင်မောင်ဝင်းကပြောပါတယ်။

“မီဒီယာတွေကနေပြီး တရားစီရင်ရေးစနစ်အပါအ၀င် ကျန်တဲ့ အစိုးရဌာနတွေထဲမှာ ဖြစ်နေတဲ့ အကျင့်ပျက် လာဘ်စားမှုတွေကို အခုလို စုံစမ်းဖော်ထုတ်တင်ပြနိုင်မယ်ဆိုရင် အကျင့်ပျက်လာဘ်စားမှုတွေ လုပ်နေတဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေက ပိုပြီး သတိထားသွားမယ်။ ချက်ချင်းကြီး အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ ကျနော်မပြောနိုင်ဘူး။ ဒါပေမယ့် ဒါမျိုးတွေ ခဏခဏစုံစမ်း ဖော်ထုတ် တင်ပြမယ်ဆိုရင် အကျင့်ပျက်လာဘ်စားမှုတွေ တိုက်ဖျက်ရာမှာ ထိရောက်တဲ့ ပံ့ပိုးမှုတွေ ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ဒီရုပ်သံမှတ်တမ်းကို DVB ရုပ်မြင်သံကြားအစီအစဉ်ကနေ မေလ ၈ ရက်၊ ည ၈ နာရီ ၄၅ မိနစ်တွင် ထုတ်လွှင့်မည်ဖြစ်ပြီး နောက်နှစ်ရက်အတွင်း ရှစ်ကြိမ်ထပ်မံထုတ်လွှင့်သွားမှာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ယခုလို တရားရေးစနစ် လွဲမှား ဆောင်ရွက်ချက်များကို စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင်နဲ့ ဖွင့်ချတာဟာ ပထမဆုံးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013