DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရန် နှစ်နိုင်ငံ ပူးပေါင်းမည်
DVB
·
May 8, 2014
မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရန် နှစ်နိုင်ငံ ပူးပေါင်းမည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ခြိမ်းခြောက် ငွေတောင်းခံရတာ၊ အလိမ်ခံရတာတွေ လျော့နည်းစေဖို့နဲ့ အလုပ်သမားအခွင့်အရေး အပြည့်ရရှိရေး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထိုင်း၊ မြန်မာ ၂ နိုင်ငံ အလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

[caption id="attachment_56197" align="alignleft" width="300"]အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်တို့ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်တို့ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်[/caption]မေ ၇ ရက်နေ့က ဘန်ကောက်မြို့က ထိုင်းအလုပ်သမားဝန်ကြီးရုံးမှာ အလုပ်သမား ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးအပါအ၀င် ၂ နိုင်ငံက အလုပ်သမားဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အဓိကအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စောင့်ရှောက် ကာကွယ်ရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး မြန်မာအလုပ်သမားတွေကို အမှန်တကယ် ကာကွယ်ပေးနိုင်ဖို့ ၂ နိုင်ငံစလုံးမှာ အလုပ်သမားဆိုင်ရာအဖွဲ့ချုပ်တွေ အမြန်ဆုံးဖွဲ့စည်းပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ပြောခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့သူ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အဖွဲ့ချုပ်ဖွဲ့ပြီးရင် ထိုင်းဘက်ခြမ်းမှာလည်း သူတို့အဖွဲ့ကို ဖြတ်ရမယ်။ အဖွဲ့ချုပ်က ထိန်းချုပ်မှု ရှိမယ်။ မြန်မာပြည်ဘက်ကလည်း မြန်မာအဖွဲ့ချုပ်ကို ဖြတ်ရမယ်။ အဲဒီအတွက်ကြောင့် အရင်လို စည်းလွတ်ဝါးလွတ် မဖြစ်တော့ဘူး။ နှစ်ဘက်လုံး ထိန်းချုပ်တော့ မလိုလားအပ်တဲ့ လိမ်လည်မှုတွေ၊ ပိုက်ဆံတိုးတောင်းတာတွေ အဲဒါတွေ ပျောက်သွားမှာပေါ့။ အောက်ခြေထိ ပျောက်ဖို့ပေါ့ဗျာ။ အလုပ်သမားတွေ အလိမ်ခံရတဲ့ ပြဿ နာဖြေရှင်းမယ်၊ အလုပ်သမားအခွင့်အရေး တွေ ကာကွယ်စောင့်ရှောက်မယ်။ အလုပ်ခေါ်စာ မှန်မမှန် ကျနော်တို့ စိစစ်မယ်။ ဒါတွေပါပဲဗျာ။”

ဒါ့ပြင် ၄ နှစ် ဗီဇာပြည့်အလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားကတ်တွေ အသစ်လဲလှယ်ဖို့၊ မလုပ်နိုင်သေးတဲ့ကြား ကာလ ၆ လအတွင်းမှာ အဖမ်းအဆီးမရှိရေးနဲ့ အောက်ခြေမှာ မြန်မာအလုပ်သမားတွေကို ဖမ်းဆီး ငွေညှစ်နေတဲ့ကိစ္စတွေ ဖြေရှင်းပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရဘက်ကလည်း လက်ရှိ ၄ နှစ်ပြည့်အလုပ်သမားတွေကို နယ်စပ်စခန်းတွေမှာ တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်စင်တာ) ဖွင့်လှစ်ပြီး နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနေပေမယ့် လာရောက်ဆောင်ရွက်သူ ရာခိုင်နှုန်း အင်မတန်နည်းပါးနေတာကြောင့် မြန်မာအစိုးရအနေနဲ့ အလုပ်သမားတွေ နိုင်ငံကူးလက်မှတ် လာလုပ်နိုင်အောင် ကူညီတိုက်တွန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာဘက်ကလည်း အလုပ်သမားတွေအနေနဲ့ ၀န်ဆောင်မှုပေးတဲ့ ရက်ပေါင်း ၁၈၀ အတွင်း သွားရောက် ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းပေးမယ့်အကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ၄ နှစ်ပြည့် အလုပ်သမား သိန်းနဲ့ချီရှိပြီး နိုင်ငံကူးလက်မှတ် ပြန်လုပ်ဖို့ လျှောက်လွှာတင်ထားတာ ၆ ထောင်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က သဘောတူထားတဲ့ နှစ်နိုင်ငံဆိုင်ရာ အလုပ်သမား စေလွှတ်ရေး သဘောတူချက် စာချွန်လွှာ (အမ်အိုယူ) ကိုလည်း ခေတ်နဲ့ လိုက်လျောညီထွေ ရှိအောင် ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ မြန်မာဘက်က အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူး ဦးအောင်မြင့်၊ မြန်မာအလုပ်သမားဆိုင်ရာသံမှူး ဦးသိန်းနိုင်အပါအ၀င် စုစုပေါင်း ၁၂ ဦးနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နိုင်းကြည်ရဆတ်ဒီ ဆုခွန်းထချတ် ဦးဆောင်တဲ့ အဖွဲ့ဝင်ပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013