DVB Logo
Home
မြန်မာသတင်း
ငွေကြေးပြဿ နာတက်နေသည့် ပဲကုမ္ပဏီ ငွေစာရင်း စတင်စိစစ်နေ
DVB
·
May 8, 2014
ငွေကြေးပြဿ     နာတက်နေသည့် ပဲကုမ္ပဏီ ငွေစာရင်း  စတင်စိစစ်နေ
Donate to DVB

ငွေကြေးပြဿ နာနဲ့ရင်ဆိုင်နေရတဲ့ မိုးသက် အိတ်စပို့စ်ပဲကုမ္ပဏီရဲ့ ပေးရန်ရရန်ရှိငွေ စာရင်းတွေကို မှန်ကန်မှုမရှိ စတင်စစ်ဆေးနေပြီး ရရှိလာတဲ့ရလဒ် အပေါ်မှာ ကုန်သည်တွေနဲ့ ကုမ္ပဏီအကြီး နှစ်ဦးနှစ်ဖက် ပြေလည်မှု ရှိအောင် ညှိနှိုင်း ဖြေရှင်းပေးသွားမယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်း တင်ပို့ရောင်းချသူများ အသင်းက ပြောဆိုလိုက်ပါတယ်။

[caption id="attachment_48640" align="alignleft" width="300"]နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ[/caption]ပြည်တွင်းက အိတ်စပို့စ်ပဲကုမ္ပဏီ တခုဖြစ်တဲ့ မိုးသက်ကုမ္ပဏီလီမိတက်ဟာ ယခုနှစ်မှာ ပဲမျိုးစုံတို့ရဲ့ ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ယင်းကုမ္ပဏီက ပေးရန်ရှိတဲ့သူတွေကို အကျေအလည် ဖြေရှင်းပေးနိုင်မှု မရှိတော့တဲ့အတွက် မြန်မာနိုင်ငံ ပဲနှမ်းအသင်းက တာဝန်ယူဖြေရှင်းပေးဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။

ဒါကြောင့် အဆိုပါကုမ္ပဏီက မိမိ ပိုင်ဆိုင်တဲ့ စာရင်းတွေအားလုံး အပါအ၀င် ရရန်ရှိတဲ့ စာရင်းတွေကို မြန်မာနိုင်ငံ ပဲနှမ်းအသင်းဆီ တင်ပြထားပြီး ဖြစ်လို့ ၄င်းက ပေးရန်ရှိတဲ့သူတွေကို ဖြေရှင်းပေးနိုင်ဖို့ စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်ပြီး ညိနှိုင်းဖြေရှင်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ဒီကော်မတီက ရရန်နဲ့ ပေးရန် ရှိတဲ့စာရင်းတွေအပေါ် အခြေခံ တွက်ချက်ပြီး နှစ်ဦးနှစ်ဖက် ပြေလည်ဖို့အတွက် စီမံခန့်ခွဲရမှာ ဖြစ်လို့ မိုးသက်ကုမ္ပဏီနဲ့ အရောင်းအ၀ယ်လုပ်ထားတဲ့ ပြည်တွင်းနဲ့ ပြည်ပပဲကုန်သည်တွေက ရရန်နဲ့ ပေးရန်စာရင်းတွေကို ယမန်နေ့ကဘဲ နောက်ဆုံး ထားပြီး ပေးပို့ရမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနောက် လက်တလော လက်ခံရရှိထားတဲ့စာရင်းတွေကို မှန်ကန်မှုရှိ၊ မရှိ စိစစ်နေပြီး ရရှိလာတဲ့ရလဒ်အပေါ်မှာ နှစ်ဦးနှစ်ဖက် ပြေလည်မှုရှိအောင် ဖြေရှင်းပေးသွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

မိုးသက်ကုမ္ပဏီအနေနဲ့ ရရန်နဲ့ ပေးရန်စာရင်းငွေ ပမာဏနဲ့ ပတ်သက်လို့ အတိအကျ မသိရသေးဘူးလို့လည်း ဦးမင်းကိုဦးက ပြောပါတယ်။
ပြည်တွင်းအိတ်စပို့စ်ပဲ ရောင်းဝယ်ရေးဈေးကွက်မှာ အခုလို ပဲလောက အရှုပ်အရှင်း ပြသာနာတွေက ပြီးခဲ့တဲ့နှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။
ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတဲ့ နေရာမှာ အတွေ့အကြုံတွေ ရှိပြီးသား ဖြစ်လို့ အခက်အခဲ တစုံတရာ မရှိနိုင်တဲ့အကြောင်း ညှိနှိုင်းဖြေရှင်းရေးကော်မတီက အတွင်းရေးမှူး ဦးသန်းအောင်ကျော်က ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်လို့ ဒီ ၁ ပတ်အတွင်းထဲမှာ မိုးသက်ကုမ္ပဏီက ပေးရန်ရှိတဲ့သူတွေ အားလုံးနဲ့ တွေ့ဆုံပြီး ခေါ်ယူညှိနှိုင်းသွားမှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013