DVB Logo
Home
မြန်မာသတင်း
အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသော်လည်း ဆက်လက်တိုက်ပွဲဝင်မည်ဟု IUF အဖွဲ့ ကြေညာ
DVB
·
November 1, 2022
အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသော်လည်း ဆက်လက်တိုက်ပွဲဝင်မည်ဟု   IUF အဖွဲ့ ကြေညာ
Donate to DVB

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Inya Urban Force - IUF က ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေ လွတ်မြောက်နယ်မြေကို ပြောင်းရွှေ့နိုင်ခဲ့ပြီး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Inya Urban Force - IUF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရဲဘော်တွေရဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သလို ကျန်ရဲဘော်တွေနဲ့ ရန်ကုန်မြို့ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူ အပါအဝင် လူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ Inya Urban Force -IUF မှ တပ်ဖွဲ့ဝင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ကို  အောက်တိုဘာလ ပထမပတ်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာထားပါတယ်။

IUF မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ မြေပြင်သတင်းထောက်လှမ်းတာ၊ စစ်ကောင်စီဒေါက်တိုင်နဲ့ ခေါင်းဆောင်တွေကို ရှင်းလင်းတာနဲ့ တခြားပြောက်ကျားတပ်ဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013