DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပြည်သူ့ဟစ်တိုင် ဆန္ဒပြကွင်း သက်ဆိုင်ရာ စီစဉ်နေ
DVB
·
May 7, 2014
မန္တလေးတွင် ပြည်သူ့ဟစ်တိုင် ဆန္ဒပြကွင်း သက်ဆိုင်ရာ စီစဉ်နေ
Donate to DVB

မန္တလေးမြို့မှာ   ပြည်သူ့ဟစ်တိုင်ကွင်း တည်ဆောက်နေပြီး ဆန္ဒပြပွဲတွေကို ဒီကွင်းမှာပဲ ပြုလုပ်ကြဖို့ သက်ဆိုင်ရာက  စီစဉ်နေပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနဲ့ သိပံ္ပလမ်းထောင့်ရှိ မနောဟရီပန်းခြံနားမှာ ပေ ၃၅၀၊ ၁၅၀ အကျယ်ရှိတဲ့ ပြည်သူ့ဟစ်တိုက်ကွင်းတခု တည်ဆောက်နေပြီး ဒီလကုန်လောက် ပြီးမယ်လို့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

[caption id="attachment_56175" align="alignleft" width="300"]မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြပွဲ (မတ်လ ၂၃ ရက် ၂၀၁၄) မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြပွဲ (မတ်လ ၂၃ ရက် ၂၀၁၄)[/caption]

ဟစ်တိုင်ကွင်းထဲမှာ လူ ၇၀၀၀ လောက် စုရုံးဆန္ဒပြလို့  ရတယ်လို့လည်း ဆိုပါတယ်။ ဒီကွင်း တည်ဆောက်ရတာနဲ့  ပတ်သက်ပြီး ဦးသက်နိုင်ထွန်းက အခုလိုပြောပါတယ်။

“အစိုးရအဖွဲ့က ညွှန်ကြားချက်ပေါ့နော်။ ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ပေါ့။ မြန်မာပြည်မှာ ပထမဦးဆုံးလို့ ပြောလို့ရတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မန္တလေးမှာ ယာဉ်ကျပ်တာတွေလည်း များတယ်။ ဥပမာ တခုခု ဆန္ဒဖော်ထုတ်ချင်ရင် လမ်းပေါ်မှာ လျှောက်သွားနေမယ့်အစား ကွင်းမှာပဲလုပ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါပါတယ်။”

အခု တည်ဆောက်နေတဲ့ ဟစ်တိုင်ကွင်းဟာ မန္တလေးမြို့ မြို့လယ်ဧရိယာ အစပ်နားမှာ တည်ရှိပြီး ခွင့်ပြုချက်ရရှိတဲ့  ဆန္ဒပြပွဲတွေပဲ ကျင်းပပြုလုပ်ခွင့်ပြုမှာဖြစ်ပြီး တခြား တနည်းနည်းနဲ့ ဆန္ဒပြခွင့်တွေ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မန္တလးမြို့ခံ သတင်းအယ်ဒီတာ ကိုစန်းယုကတော့ မန္တလေးမြို့မှာ သက်ဆိုင်ရာက ဆန္ဒပြဖို့ ခွင့်ပြုတာ နည်းတာကြောင့်  အခုလိုဆန္ဒပြ နေရာသတ်မှတ်ပေးထားလည်း သိပ်ထူးမယ် မထင်ဘူးလို့ ပြောပါတယ်။

“ဆန္ဒပြခွင့်တွေ အများကြီး တင်ပေမယ့် နည်းနည်းလေးရတာ မန္တလေးတိုင်းဒေသကြီးတခု အပါအ၀င် ဖြစ်တယ်။ နာမည်က ဟစ်တိုင်ကွင်းလို့ ပေးထားပေမယ့် ဆန္ဒပြခွင့်တွေကို ဖောဖောသီသီနဲ့ အဆင်ပြေပြေ ပြလို့ရအောင်လို့တော့ စီစဉ်ပေးတာ ဖြစ်လာလိမ့်မယ်လို့ မထင်သေးဘူး။”

ပြီးခဲ့တဲ့ လွှတ်တော်ထဲ  အင်္ဂလန်က ပြည်သူ့ဟစ်တိုင်လို ပန်းခြံနေရာမျိုးတွေ တည်ဆောက်ပြီး ဆန္ဒပြခွင့်ပေးဖို့ အစီအစဉ် ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်တဦးက မေးမြန်းခဲ့ရာမှာ ပြည်ထဲရေး ၀န်ကြီးဌာနက အစီအစဉ် မရှိဘူးလို့ ဖြေကြားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013