DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားကို တောင်းဆို
DVB
·
May 7, 2014
မြန်မာအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားကို တောင်းဆို
Donate to DVB

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

barack-obama-pic-reuters-980816429-145267၀ါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ (USCB) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့ပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာပါ။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု သေချာစေဖို့အတွက် ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အိုဘားမားက မြန်မာရင်းနှီးမြှုပ်နှံမှု ဒဏ်ခတ်တားမြစ် ချက်ကို သက်တမ်းတိုးရမယ်လို့ USCB မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရေချယ်လ် ၀ဂ်လေက ကြေညာချက်မှာ ပြောပါတယ်။

ဒီပိတ်ဆို့ဒဏ်ခတ်မှု လုပ်ပိုင်ခွင့်သက်တမ်းက မေလကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အရင်တပတ်ကလည်း အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိဆက်ရှိနေတယ်ဆိုပြီး ပိတ်ဆို့မှု သက်တမ်းထပ်တိုးဖို့ ဖိအားပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို ထည့်သွင်းလိုက်ရင်တော့ မြန်မာစစ်တပ်ထဲမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်နိုင်မှာ ဖြစ်သလို တာဝန်ယူတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ လိုအပ်ချက်တွေကို ထုတ်ပြန်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် အလားအလာ မမြင်ဘူးလို့ ပြောပါတယ်။

“သံတမန်ရေးအရ ပိုပြီးတော့ ညှိနှိုင်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တွန်းအားပေးမှု လုပ်မယ်ဆိုတဲ့အနေအထားမျိုးပဲ လုပ်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”

အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအ၀င် တိုင်းရင်းသား လူနည်းစုဒေသက လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို တားမြစ်ချင်တာတွေနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုတွေကို အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်ပူပန်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာလည်း သတင်းထောက်၊ လယ်သမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဆက်လက် ဖမ်းဆီးနေတာကလည်း သတိပေးချက်တခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက ထိခိုက်လွယ်တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး မတော်မတရား လုပ်ဆောင်တာတွေ ဆက်ရှိနေတယ်လို့ ရခိုင်၊ ကချင် ရှမ်းပြည်မြောက်ပိုင်းက အခြေအနေကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် အစိုးရက မြောက်ကိုရီးယားသံတမန်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို စစ်ရေးလက်နက် အစီအစဉ်တွေကို မြောက်ကိုးရီးယားနဲ့ လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013