DVB Logo
Home
Lead Story
၂၀၁၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် ဒုတိယအကြိမ် သတ်မှတ်မည်
DVB
·
May 7, 2014
၂၀၁၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် ဒုတိယအကြိမ် သတ်မှတ်မည်
Donate to DVB
လာမယ့် ၂၀၁၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် ဒုတိယအကြိမ် သတ်မှတ်ပြီး ခရီးသွား ၇ သန်းလောက် ၀င်အောင် ဆောင်ရွက်မယ်လို့ မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

baganအရင် စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်က မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ် အကောင်အထည် ဖော်ခဲ့ပေ မယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ ၂၀၁၂ က နိုင်ငံခြားခရီးသည် ၁ သန်းဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ခရီးသည် ၂ သန်း ၀င်ခဲ့ပါတယ်။

၂၀၁၄ မှာ ၃ သန်းဝင်လာအောင် ဆောင်ရွက်နေပြီး ခရီးသွားလုပ်ငန်းရဲ့ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ တိုးချဲ့ တည်ဆောက်နေတာအပြင် အီး - ဗီဇာစနစ်  အကောင်အထည် ဖော်ဖို့ လည်း ကြိုးစားနေတယ်လို့ ပြောပြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013