DVB Logo
Home
မြန်မာသတင်း
စီးပွားရေး လုပ်ငန်းများအတွက် အကြီးဆုံး အခက်အခဲ အကျင့်ပျက် ခြစားမှု ဖြစ်
DVB
·
May 7, 2014
စီးပွားရေး လုပ်ငန်းများအတွက် အကြီးဆုံး အခက်အခဲ အကျင့်ပျက် ခြစားမှု ဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအတွက် စိုးရိမ်စရာ အကောင်းဆုံး အခက်အခဲနဲ့ စိန်ခေါ်မှုဟာ အကျင့်ပျက်  ခြစားမှု ဖြစ်တယ်လို့ မေ ၆ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရုံးခန်းမှာ ထုတ်ပြန်တဲ့ စစ်တမ်းတစောင်အရ သိရပါတယ်။

[caption id="attachment_56138" align="alignleft" width="300"]ဓာတ်ပုံ- ထွန်းထွန်းသိန်း ဓာတ်ပုံ- ထွန်းထွန်းသိန်း[/caption]

ဒီစစ်တမ်းကို ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ယူအန်အီးအက်စ်စီအေပီ)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိုးတိုးတက်မှုအဖွဲ့ (အိုအီးဒီစီ)၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်)တို့က ပြည်နယ်နဲ့ တိုင်း ၁၄ ခုက စီးပွားရေးလုပ်ငန်း ၃ ထောင်ကျော်ဆီ ကနေ ကောက်ခံထားပါတယ်။

ကုန်ကျစရိတ် ငွေကြေး အမေရိကန်ဒေါ်လာ ၁ သိန်း ရှိပြီး ၄ လတာ အချိန်ယူ ကောက်ယူ ထားတာ ဖြစ်ပါတယ်။

အကျင့်ပျက်  ခြစားမှုပြီးရင် ဒုတိယအတားအဆီးဟာ ကျွမ်းကျင် လုပ်သား ခန့်ထားနိုင်မှု ဖြစ်ပြီး တတိယအတားအဆီးကတော့ နည်းပညာ ရရှိမှု ခက်ခဲတဲ့ အတားအဆီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အကျင့်ပျက်  ခြစားမှု အဆိုးရွားဆုံးအဆင့် ၁၈၂ ကို ရောက်နေတဲ့ နိုင်ငံ ၁ နိုင်ငံ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013