DVB Logo
Home
မြန်မာသတင်း
ကျိုက်ဒုံမြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
October 29, 2022
ကျိုက်ဒုံမြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က  အောက်တိုဘာ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်ထံက သိရပါတယ်။

ကျိုက်ဒုံမြို့မရဲစခန်းမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စခန်းသိမ်းတိုက်ပွဲအနည်းငယ်ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ စခန်းကနေ ထွက်ပြေးသွားကာ ရဲတပ်ဖွဲ့တယောက် သေဆုံးသွားတာတွေ့ရတယ်လို့ တိုက်ပွဲမှာ ပါဝင်သူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ဒုံ ရဲစခန်းဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ကင်းတာဝန်ကျနေတဲ့ ဒုတပ်ကြပ် ကျော်သူ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ဒုံမြို့မရဲစခန်းသိမ်းတိုက်ပွဲကနေ ရဲစခန်းထဲရှိ  စစ်လက်နက်သိုလှောင်ခန်းထဲက သေနတ် ကျည်ဆန်တွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ G3 ၅ လက်၊  AK ရိုင်ဖယ် တရုတ်ထုတ် ၁ လက်၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ စိန်ပြောင်းတို ၁ လက်၊  ၆၀ မမကျည် ၂၃ လုံး၊ ခြောက်လုံးပြူး ၄ လက်။ ရှေ့ထွက်မိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၇ လုံး၊ စကားပြောစက်ကြီး ၁လုံးနဲ့ ကျည်ဆန်တချို့တို့ ပါဝင်ပါတယ်။

အောက်တိုဘာ ၂၅ ရက်ကလည်း ကျိုက်ဒုံမြို့နဲ့ မနီးမဝေးရှိ စစ်ကောင်စီတပ်စခန်း တခုဖြစ်တဲ့ (ကွီလုံတိုင်) စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး  စစ်ကောင်စီ တပ်သား ၃၀ လောက် အသေနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေရှိခဲ့ကာ လက်နက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013