DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ၈၈ ပွင့်လင်းအဖွဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူ
DVB
·
May 7, 2014
ကေအန်ယူနှင့်  ၈၈ ပွင့်လင်းအဖွဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူ
Donate to DVB

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ကရင်မျိုးသားအစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကေအန်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကို သွားရောက်ပြီး ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့အပါအ၀င် အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

[caption id="attachment_56160" align="alignright" width="300"]ဓာတ်ပုံ - The 88 Generation Peace and Open Society's ဓာတ်ပုံ - The 88 Generation Peace and Open Society's[/caption]ဒီတွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေး ခိုင်မာစွာဖြစ်ပေါ်လာဖို့၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နှစ်ဖက် သဘောတူခဲ့ကြတယ်လို့ တွေ့ဆုံရာမှာပါဝင်တဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“သဘောထားတူညီမှု ရှိတာက အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစွာဖြစ်ပေါ်လာမှုနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ်တွေကို ကောင်းမွန်စွာ ဆက်လက်ချီတက်နိုင်ဖို့အတွက် ၈၈ ကလည်း ကောင်းစွာသဘောတူပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက် အထောက်အကူ ပြုသွားပါ့မယ်လို့ သူတို့က သဘောတူတယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံက အများပြည်သူ တိုင်းရင်းသားလူမျိုးတွေအတွက် အခွင့်အလမ်းမရှိတဲ့အပေါ်မှာ ဒါကိုလည်း ပြင်ဆင်ပြောင်းလဲသွားမယ်လို့ သဘောတူတယ်။ သဘောတူညီချက်က ၂ ခု ဖြစ်သွားတာပေါ့။ ”

ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကလည်း ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးခဲ့တဲ့အခြေအနေကို အစည်းအဝေးမှာပါဝင်တဲ့ ကေအန်ယူ ဗဟိုစည်းရုံးရေး ဒုတာဝန်က ပဒိုစောလစ်စတန်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ လာခြင်းသည် ကရင်ရဲ့ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ခရီးစဉ်ကို အဓိက လာရင်းဖြစ်ပြီးတော့ ကျန်တာက လူထုတောင်းဆိုမှုနဲ့ သွားတဲ့ ခရီးစဉ်ပဲ ဖြစ်တယ်လေ။ နောက် ဒီမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တာတွေ ဆွေးနွေးဖို့အပိုင်းက မရှိဘူး၊ သို့သော် ဦးအောင်မင်းက အဲဒါလေး တွေကို ထည့်ပြီးပြောဖို့ ပြောပါတယ်။ အဲဒါက ၂ ဖက်က ပြေလည်အောင် အပြန်အလှန်ဆွေးနွေးသွားတာ အနည်းအကျဉ်းပါပဲ။ ”

ကေအန်ယူအဖွဲ့ဟာ မနေ့မနက်ပိုင်းကလည်း ရှမ်းတိုင်းရင်းသားများဒီိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားတွေအားလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၀ိုင်းပြီး ပြုပြင်ပြောင်းလဲဖို့ သဘောတူညီခဲ့ကြပါတယ်။

ကေအန်ယူ ဗဟိုစည်းရုံးရေးတာဝန်ခံ ပဒိုစောလှထွန်း ဦးဆောင်တဲ့အဖွဲ့ကလည်း မနေ့က မြောင်းမြမြို့နယ် မတော့ချောင်းရွာက ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပဒိုစောလှထွန်းက “အဓိက လူထုပြဿ နာက ဒီမြစ်ဝကျွန်းပေါ် တိုင်းထဲမှာက ကြောက်ရွံ့မှုတွေက အခုထက်ထိ ရှိနေတုန်းပဲလေ။ အစိုးရက ကေအန်ယူကို ၁၇ (၁) က မပယ်ဖျက်သေးတဲ့အတွက် ကေအန်ယူနဲ့ ဆက်ဆံတဲ့ ကိစ္စတွေမှာ စိုးရိမ်မှုတွေရှိတာပေါ့။ ကေအန်ယူနဲ့ ဆက်သွယ်မယ်ဆိုရင် ဆက်သွယ်လို့ ရမရ အဓိက သူတို့ သိချင်တာပေါ့။”

ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်တို့အဖွဲ့ဟာ ဒီကနေ့ညနေမှာတော့ ရန်ကုန်မှာရှိတဲ့ ကရင် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဓိကအားဖြင့် ကေအန်ယူက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးပြောဆိုဖို့ ရှိနေပါတယ်။

နော်စီဖိုးရာစိန်တို့အဖွဲ့ဟာ ဧပြီ ၃၀ ရက်ကနေ မေ ၁၂ နေ့အထိ မြန်မာနိုင်ငံကိုရောက်ရှိပြီး ကရင်လူထုတွေ၊ ပါတီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013