DVB Logo
Home
မြန်မာသတင်း
ပဲအရှုပ်အရှင်း ပဲနှမ်းအသင်းက ဖြေရှင်းပေးမည်
DVB
·
May 7, 2014
ပဲအရှုပ်အရှင်း ပဲနှမ်းအသင်းက ဖြေရှင်းပေးမည်
Donate to DVB

ပြည်တွင်း အိတ်စပို့စ် ပဲကုမ္ပဏီလီမိတက်တခုက  ပြည်ပအခြေစိုက် အိန္ဒိယ ပဲကုမ္ပဏီ ၁၆ ခုအပါအ၀င် အခြားပေးရန် ရှိတာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိတော့တဲ့အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းက တာဝန်ယူပြီး ဖြေရှင်းပေးသွားမယ်လို့ အသင်းက ပြောပါတယ်။

ပြည်တွင်းက အိတ်စပို့စ်ပဲကုမ္ပဏီတခုဖြစ်တဲ့ မိုးသက်ကုမ္ပဏီလီမိတက်က ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ပြည်တွင်းအိတ်စပို့စ်ပဲ ရောင်းဝယ်ရေးဈေးကွက်မှာ ရောင်းမှား၊ ၀ယ်မှား ဖြစ်ခဲ့ပြီး အရှုံးတွေနဲ့ တွေ့ကြုံခဲ့ပါတယ်။

[caption id="attachment_48640" align="alignright" width="300"]နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ[/caption]

ဒီအတွက်လည်း ကုမ္ပဏီက ယခင်နှစ်တွေက ပေးရန်ရှိတာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်မှု ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ဖြေရှင်းနိုင်မှု မရှိတော့တဲ့အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းတင်ပို့ရောင်းချသူများအသင်းက တာဝန်ယူ ဆောင်ရွက်ပေးဖို့ ကုမ္ပဏီက အကူအညီ တောင်းခံလာတယ်လို့ ပဲနှမ်းအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဈေးတက်တဲ့အပေါ်မှာ ရောင်းမှား၊ ၀ယ်မှားတွေ များသွားပြီး သူမရှင်းနိုင်တော့ဘူး။ ဖြစ်ပုံဖြစ်နည်းက ရောင်းတာက မတ်ပဲ၊ ၀ယ်မိတာက ပဲစင်းငုံ ဖြစ်နေတယ်။ အဲဒီမှာ ပဲနှစ်ခု အပြောင်းအလဲဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ သူနောက်ဆုံး ဆုံးဖြတ်လိုက်ပြီး ထွက်တော့ သူမပြေးတော့ဘူး၊ လက်ပေါ်မှာရှိတဲ့ ပဲစင်းငုံတို့၊ လက်ပေါ်မှာရှိတဲ့ ငွေထွက်နိုင်တဲ့ ပစ္စည်းတွေ အားလုံးကို သူတော့ မရှင်းနိုင်တော့လို့ပါဆိုပြီး မြန်မာနိုင်ငံ ပဲနှမ်းအသင်းကို အားလုံးထိုးအပ်လိုက်တယ်။”

ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံ ပဲနှမ်းအသင်းက စီးပွားကူးသန်း ၀န်ကြီးဌာန အပါအ၀င် ဘုရင့်နောင်ကုန်စည်ဒိုင်က ကြီးကြပ်သူတွေနဲ့ ပူးပေါင်းကာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“လက်ရှိအနေအထားမှာတော့ မိုးသက် ကုမ္ပဏီကနေပြီးပေးထားတဲ့ ပိုင်ဆိုင်မှုတွေကို မှန်မမှန် စစစ်နေပြီ။ ပိုင်ဆိုင်မှုဆိုတာ ပဲစင်းငုံ တန်အရေအတွက် ဟုတ်မဟုတ်၊ နောက်သူ ရရန် ပေးရန်ရှိတယ်ဆိုတဲ့ စာရင်းတွေ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးပြီးမှ နောက်တဆင့်က အညီအမျှ ခွဲပေးနိုင်ရန် ကြိုးစားယူရမှာပေါ့။ သူ့မိုးသက်ကုမ္ပဏီကလည်း ပေးရန် ဘာတွေ ရှိမှာလည်း သူလည်း ဖော်ထားတယ်။ အဲဒီလို စစ်လို့မှန်တယ်ဆိုရင် ပိုင်ဆိုင်တဲ့အပေါ်မှာ တတ်နိုင်သမျှ အညီအမျှ ခွဲပေးမယ်။”

ပြည်တွင်းအိတ်စပို့စ်ပဲရောင်းဝယ်ရေးဈေးကွက်မှာ အခုလို ပဲလောက အရှုပ်အရှင်းပြဿ     နာ တွေက ပြီးခဲ့တဲ့နှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

ဒါနဲ့ ပတ်သက်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က  “ပြောင်းလဲလာတဲ့ ခေတ်မှာ ကုန်သွယ်မှုကို လွယ်ကူလျင်မြန်ချောမွေ့ ဖို့ဆိုတာက သက်ဆိုင်ရာ ပဲလုပ်ငန်း နယ်ပယ်က လူတွေအားလုံးက လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံတကာ ပုံစံအတိုင်းပဲ၊ တချို့က အီးမေးလ်နဲ့ အွန်လိုင်းနဲ့တောင် ရောင်းနေတာကိုး။ အဲဒီလိုဆိုတော့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရတဲ့အခါမှာ ကုန်သွယ်မှုမှာလည်း လွယ်ကူလျင်မြန်ချောမွေ့ပြီးတော့မှ ကုန်သွယ်မှုတွေလည်း အများကြီးတက်လာတယ်။ ဘယ်နိုင်ငံမှာမဆို ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့အောင် လုပ်ကြရတယ်။ မလုပ်လို့လည်း မရဘူး။ ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့အောင် လုပ်တဲ့နေရာမှာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ လုံခြုံစိတ်ချရမှုတွေ လည်း အထိုက်အလျောက် အားနည်းမှုတွေ ပါလာတယ်။”

လက်ရှိ ဖြစ်နေတဲ့ အခက်အခဲကြောင့် နောက်ဆက်တွဲပြဿ  နာတွေ မရှိစေဖို့အတွက် မိုးသက်ကုမ္ပဏီနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ ပြည်ပက ပဲကုန်သည်တွေအနေနဲ့ ပေးရန်နဲ့ ရရန်စာရင်းတွေ ရှိပါက ခိုင်မာတဲ့အထောက်အထားတွေနဲ့ ယနေ့ နောက်ဆုံးထားပြီးတော့ ပေးပို့ရမယ်လို့ မြန်မာနိုင်ငံ ပဲနှမ်းအသင်းက သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013