DVB Logo
Home
မြန်မာသတင်း
ယောဒေသအတွက် ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့ရေးကမ်ပိန်း ပြုလုပ်
DVB
·
October 28, 2022
ယောဒေသအတွက် ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့ရေးကမ်ပိန်း ပြုလုပ်
Donate to DVB

ပြည်ပရောက် ယောသူ ယောသားတွေ စုပေါင်းဖော်ဆောင်မယ့် ယောဒေသအတွက် ပထမအကြိမ် ထောက်ပံ့ရေးကမ်ပိန်းကို စတင်လုပ်ဆောင်ဖို့ရှိနေပါတယ်။  

ဒီကမ်ပိန်းကို ယောဂုဏ်ရည်အဖွဲ့၊ Yaw Funding Japan, Yaw Funding Korea (South), Yaw Funding Malaysia နဲ့ Yaw Funding Thailand အဖွဲ့တို့က ဦးဆောင်စုပေါင်းပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီထောက်ပံ့ရေးကမ်ပိန်းကို Lucky Draw Ticket ရောင်းချ‌ပြီး ပေါက်မဲတွေကို ပွင့်လင်းမြင်သာစွာ မဲဖောက်ပေးသွားမှာဖြစ်ပြီး Ticket တွေကို Fundraiser ဖေ့စ်ဘွတ်ခ်စာမျက်နှာအသီးသီးမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

Ticket အရောင်းကာလဟာ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်အထိ တလတိတိ သတ်မှတ်ထားတာဖြစ်ပြီး ပထမဆုအနေနဲ့ iPhone 14၊ ဒုတိယဆုအနေနဲ့ Airpord 2nd Gen၊ တတိယဆုအနေနဲ့ မြန်မာငွေကျပ် ၁၈၀,၀၀၀ တန် အမျိုးသမီးဝတ် ပယင်းလည်ဆွဲတွေကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် ယောသူယောသား ထောက်ပို့တပ်သားတွေ ပေါင်းစည်းမှုကို ပြသပြီး ယောနယ်တွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေ NUG အစိုးရ MOD လက်အောက်မှာ စုပေါင်းမစ်ရှင်ဖော်ဆောင်မှုတွေအတွက် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ဖို့  ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ကမ်ပိန်းမှာပါဝင်တဲ့ အဖွဲ့ဝင်က ဒီဗွီဘီကို ပြောပါတယ်။

ကမ်ပိန်းမှရရှိလာတဲ့ ငွေကြေးတွေကို စုပေါင်းမစ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဆီကို ကမ်ပိန်းဖြစ်မြောက်ရေး အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဆုမဲတွေကို ပြည်တွင်းပြည်ပ နေရာဒေသအသီးသီးကနေ ဝယ်ယူအားပေးနိုင်ကြောင်း၊ ငွေပေးချေမှုကို သက်ဆိုင်ရာနိုင်ငံအလိုက် ပေးချေနိုင်ပြီး NUG Pay က တဆင့်လည်း ပေးချေနိုင်တယ်လို့ ဆိုပါတယ်။

ယောနယ်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ရှေးရှုပြီး ချစ်မိတ်ဆွေတွေအားလုံး ပါဝင်အားပေးကြဖို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း နှိုးဆော် တိုက်တွန်းထားပါတယ်။

လက်ရှိ ယောဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ ကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013