DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတ၀န်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေရာချီ ပျက်စီး
DVB
·
May 6, 2014
မြန်မာနိုင်ငံတ၀န်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေရာချီ ပျက်စီး
Donate to DVB

မြန်မာနိုင်ငံတ၀န်းမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းက လေပြင်းတိုက်လို့ အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာအတွက် အကူအညီတွေ လိုအပ်နေပါသေးတယ်။

[caption id="attachment_56111" align="alignright" width="300"]ပင်လောင်းမြို့ ပင်လောင်းမြို့[/caption]လေပြင်းတိုက်ခတ်ခဲ့လို့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ အိမ်တွေ ရာနဲ့ချီပြီး ပျက်စီးခဲ့ကြတာပါ။

တချို့နေရာတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သွားရောက် ကူညီခဲ့ကြပေမယ့် ပျက်စီးဆုံးရှုံးသွားသူတွေအတွက် အကူအညီတွေ လိုအပ် နေပါသေးတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ လိန်းလီရွာသစ်မှာ ဧပြီ ၂၇ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၁၀၀ လောက် ပျက်စီးခဲ့ပါတယ်။

သူတို့ရဲ့ လက်ရှိအခြေအနေကို ပင်လောင်းက ကြည်ဖြူချမ်းမြေ့ လူမှုကူညီရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းအောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“အခုချိန်ထိတော့ မဆောက်ပေးသေးဘူးဗျ။ ရက်ပိုင်းပဲ ရှိသေးတော့ သူတို့မှာ မပြည့်အစုံနဲ့။ ကျနော်တို့ဆီက လှူပေးတဲ့ဟာနဲ့ပဲ စလုပ်ကြမှာခင်ဗျ။ တကယ်တမ်းလိုမှာက သွပ်က ၂ ထောင်၊ ၃ ထောင်လောက် လိုမှာပေါ့။”

ဒါ့အပြင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာလည်း ဧပြီလ တတိယပတ်က လေပြင်းတိုက်ခတ် လို့ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ပါသေးတယ်။

မန္တလေးတိုင်း မြင်းခြံနဲ့ ၀မ်းတွင်းမြို့နယ်တွေက လေပြင်းကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က သွားရောက်ကူညီခဲ့တာကိုတော့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးရာ ၀န်ကြီး ဦးအောင်ဇံက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ရွာတွေက ပျက်စီးသွားတာတော့ ရှိတာပေါ့။ ဒုက္ခတော့ မရောက်ပါဘူး။ ဘာလို့လဲဆိုတော့ ရပ်ဆွေရပ်မျိုးတွေနဲ့ တရွာတည်း အတူနေကြတာဆိုတော့ ၀ိုင်းဝန်းပြီး လုပ်ကြတာပေါ့။ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီရမယ့်ဟာ သွားပြီး ကူညီတာပေါ့။ ဖြစ်ဖြစ်ချင်း သံတို့၊ ၀ါးကတ်တို့၊ သွပ်တို့ လိုတာပေါ့။ ကိုယ့်ဝင်းကိုယ့်ခြံနဲ့ ၀ိုင်းဆောက်ပြီး ပြန်ကောင်းသွားကြတာပေါ့။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်က ပေါက်တောကျေးရွာမှာလည်း အခုလ ၁ ရက်နေ့က လေပြင်းကြောင့် အိမ် ၂၀၀ လောက် ထိခိုက် ပျက်စီးသွားခဲ့ပြီး တိုင်းဒေသကြီး အစိုးရက သွားရောက် အားပေးခဲ့သလို ဆက်ပြီး အကူအညီပေးနိုင်ဖို့ အစီရင်ခံထားတယ်လို့ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဦးရဲမြင့်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013