DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ကြားကာလပညာရေး စာသင်နှစ်တနှစ်အပြီး ကျောင်းဆင်းပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
October 27, 2022
ဂန့်ဂေါတွင် ကြားကာလပညာရေး စာသင်နှစ်တနှစ်အပြီး ကျောင်းဆင်းပွဲကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ကြားကာလပညာရေး ကျောင်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ဂန့်ဂေါမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ CDM ဆရာ ဆရာမတွေ၊ ဒေသခံ မိဘပြည်‌သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ကြားကာလပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကြားကာလပညာရေး စာသင်နှစ်တနှစ်တာတော့ ပြီးသွားပြီပေါ့နော်။ နောက်နှစ် ကြားကာလပညာရေး စာသင်နှစ်လည်း ပြန်စတော့မှာပါ။ စစ်ရေးအခြေအနေအပေါ် မူတည်ဖွင့်ရတာဆိုတော့ ၁၀ ရက် သို့ ၂ ပတ်လောက်နားပြီး နောက်စာသင်နှစ် ပြန်စမှာပါဗျ။”

အဆိုပါအခမ်းအနားမှာ ဆရာ ဆရာမတွေကို ဂုဏ်ပြုတဲ့အစီအစဥ် ကျင်းပပေးတာ၊ ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်ပေးတာ၊ အကအလှတွေနဲ့ ဖျော်ဖြေတာတွေ ပြုလုပ်ပြီး အခမ်းအနား သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အခုစာသင်နှစ် ဂန့်ဂေါမြို့နယ် ကြားကာလ ယာယီပညာရေးကျောင်းမှာ KG မှ Grade 11 ထိ ကျောင်းသား ကျောင်းသူပေါင်း ၁၁,၈၂၈ ဦးရှိပြီး CDM နဲ့ Volunteer ဆရာ ဆရာမပေါင်း ၁,၂၀၉ ဦးနဲ့ သင်ကြားခဲ့ပါတယ်။ NUG ရဲ့ ကြားကာလပညာရေး အစီအစဥ်အတိုင်း ဆောင်ရွက်‌ခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့ကို မြို့နယ်အတွင်းရှိ CDM ဆရာ ဆရာမတွေ၊‌ ကျောင်းသား ကျောင်းသူတွေ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိမှာ ကြားကလပညာရေးစနစ်ကို လည်ပတ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013