DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ၀န်ကြီး ဦးအောင်မင်းနှင့် ၈၈ ပွင့်လင်းအဖွဲ့ ဆွေးနွေး
DVB
·
May 6, 2014
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ၀န်ကြီး  ဦးအောင်မင်းနှင့် ၈၈ ပွင့်လင်းအဖွဲ့ ဆွေးနွေး
1 / 2
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးပွဲတွေမှာ ပူးပေါင်း ကူညီနိုင်ရေးအတွက်   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့စည်းခေါင်းဆောင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_56115" align="alignright" width="300"]ဆွေးနွေးပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ – ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဆွေးနွေးပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ – ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေဖြစ်တဲ့   ဦးကိုကိုကြီး၊ ဦးမြအေး ၊ ဒ်ါနန်းစော၊ ဦးဂျင်မီနဲ့    ဦးအံ့ဘွယ်ကျော်တို့ဟာ ပြည်ထောင်စု ဝန်ကြီးဦး အောင်မင်းခေါင်းဆောင် တဲ့  မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ  တွေ့ဆုံဆွေး နွေးကြတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာအဓိက ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပါဝင်နိုင်မှု အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ဘယ်နေရာက ၀ိုင်းပြီးတော့ ကူညီရမလဲဆိုတဲ့ အကျိုးအကြောင်းကို ကျနော်တို့ စာရေးပြီးတော့ ပြောတယ်။ ပြောတဲ့အပေါ် ၀န်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခြင်းဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါမှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တွေက တောက်လျှောက် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးအခြေအနေ ကြိုးစားဆောင်ရွက်မှု လုပ်ငန်းအခြေအနေတွေကို သူတို့ ရှင်းပြတယ်။ သူတို့အမြင်တွေကိုလည်း ပြောတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကနေ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံထားမှု အခြေအနေတွေကို ဦးအောင်မင်းတို့ကို ရှင်းပြတယ်။ အမြင်ခြင်းဖလှယ်ကြတာပေါ့။”

ဝန်ကြီးဦးအောင်မင်းကလည်း အဓိက  ငြိမ်းချမ်းရေး မြန်မြန်ရချင်တဲ့အတွက် အခုလို ဆွေးနွေးတာဖြစ်ကြောင်း၊ တလတခါ ထပ်မံတွေ့ဆုံမယ်လို့ ဆွေးနွေးပွဲအပြီး ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

“အဓိက ငြိမ်းချမ်းရေး မြန်မြန်ရချင်တာပေါ့။ ဒါကြောင့် သိထားတဲ့အချက်တွေကို ဖလှယ်တာဖြစ်ပါတယ်။ အခုလည်း ဒီဆွေးနွေးပွဲကနေစပြီးတော့ တလတခါ ဒီမှာတွေ့ပြီး သတင်းတွေဖလှယ်ပြီးတော့ သူလည်း သူတတ်နိုင်တဲ့ဘက်က သူက ပဲ့ထမ်း၊ ကိုယ်က ဦးထမ်း ဒီလိုနဲ့ ဆောင်ရွက်ဖို့ ညှိနှိုင်းကြတာဖြစ်ပါတယ်။ တော်တော်လေးအောင်မြင်ပါတယ်။”

တိုင်းရင်းသားတွေနဲ့  အစိုးရအကြား ကြိုးပမ်းဆောင်ရွက်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့လည်း  နှစ်ဖက်မျှတတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ် ပေါ်လာဖို့ ၈၈ ပွင့်လင်းလူ့အဖွဲအစည်းအနေနဲ့ နှစ်ဖက်လုံးကို တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင်  အပစ်အခပ်ရပ်စဲရေးကနေ   နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လည်း ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက အစိုးရဘက်ကို တိုက်တွန်း ပြောဆိုသွားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013