DVB Logo
Home
မြန်မာသတင်း
ရခိုင်လက်နက်ကိုင်အဖွဲ့နှစ်ခုကို နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန် အစိုးရသဘောတူ
DVB
·
May 6, 2014
ရခိုင်လက်နက်ကိုင်အဖွဲ့နှစ်ခုကို နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန် အစိုးရသဘောတူ
Donate to DVB
ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အန်ယူပီအေ) တို့ကို နောက်နောင်ကျင်းပမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခွင့်ပြုဖို့ အစိုးရဘက်က အသိအမှတ်ပြုလိုက်ပါတယ်။ [caption id="attachment_56093" align="alignright" width="300"]ရခိုင်လက်နက်ကိုင်အဖွဲ့နှစ်ခုနှင့် ၀န်ကြီး ဦးအောင်မင်းဦးတို့ ဆွေးနွေးစဉ် ရခိုင်လက်နက်ကိုင်အဖွဲ့နှစ်ခုနှင့် ၀န်ကြီး ဦးအောင်မင်းဦးတို့ ဆွေးနွေးစဉ်[/caption]

ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အန်ယူပီအေ) တို့ဟာ ဦးအောင်မင်းဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဧပြီ ၅ ရက်မနက်က ဆွေးနွေးပြီး သဘောတူညီချက်ရခဲ့တာပါ။

ရခိုင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နှစ်ဖွဲ့ဟာ  အစိုးရနဲ့ အပစ်ရပ်သဘောတူညီချက် မရသေးပေမယ့် ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ဖို့ လာရောက်ရင်း တွေ့ဆုံဆွေးနွေးကြတာပါ။

မြန်မာပြည်မှာ ကျယ်ပြန့်တဲ့ အမျိုးသားညီလာခံဖြစ်ပေါ်ရေးနဲ့  အမျိုးသားသဘာတူ ပဋိညာဉ်စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးကြပြီး သဘောတူညီချက် ၃ ရပ်ရခဲ့တယ်လို့ ဒီပီအေပါတီ ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်က ပြောပါတယ်။

“၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ နှစ်ဖွဲ့လုံးကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်မယ့် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလိုက်တာပေါ့။ နံပါတ် ၂ က ကျနော်တို့ခေါင်းဆောင်တွေ ပြည်တွင်းမှာ သွားလာခွင့်၊ တတိယက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တပြည်လုံး အပစ်အခတ်ရပ်စဲမယ်။ အဲဒါပြီးနောက် ရက် ၆၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင် သတ်မှတ်တဲ့ဟာရယ်၊ မူဘောင်ရသွားပြီးတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးဖို့ သွားမယ်။ အဲဒါပြီးရင် အကုန်လုံးပါဝင်တဲ့ အမျိုးသားညီလာခံကိုသွားမယ်။ အဲဒါပြီးရင် အမျိုးသားပဋိညာဉ်စာချုပ်တခု ချုပ်ဆိုတဲ့အထိ။ အဲဒီလုပ်ငန်းအဆင့်ဆင့်မှာ ကျနော်တို့ တက်ကြွစွာပါဝင်ဖို့ အသိအမှတ်ပြုတယ်ပေါ့။”

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားနိုင်ငံရေးပါတီနှစ်ခုကို တခုတည်းအဖြစ် ပူးပေါင်းခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်အခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ ရခိုင်တပ်မတော် နဲ့ ပူးပေါင်းဖို့ ရှိပေမယ့် ဒီပီအေ နဲ့ အန်ယူပီအေ တို့နဲ့တော့ ပူးပေါင်းဖို့ ငြင်းဆန်ထားတယ်လို့ ဦးညီညီလွင်က ပြောပါတယ်။

ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အန်ယူပီအေ) က တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013