ကားသွင်းခွင့်ကနေ အခွန် ကျပ် ဘီလီယံ ၈၀၀ ကျော် ရရှိ
DVB
·
May 6, 2014

အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ဖြေလျော့ပေးခဲ့ပြီးနောက် အကောက်ခွန် ဦးစီးဌာနဟာ စုစုပေါင်း အခွန် ကျပ်ငွေ ဘီလီယံ ၈၀၀ ကျော်ရခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
၂ နှစ်ခွဲအတွင်း တင်သွင်းခွင့်ပြုခဲ့တဲ့ ကားအစီးရေ ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အတွက် ကားတစီးကို ပျမ်းမျှ အခွန် သိန်း ၃၀ ၀န်းကျင် ကောက်ခံခဲ့တဲ့ သဘော ဖြစ်ပါတယ်။ ဒီအထဲမှာ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးတဲ့အတွက် မော်တော်ယာဉ် မှတ်ပုံတင်ခပါ ပေါင်းရင် ကား ၁ စီးကို ကျပ်ငွေ သိန်း ၅၀ ကနေ ၆၀ အထက် အခွန်ယူခဲ့တဲ့ သဘော ဖြစ်ပါတယ်။











