DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းပြီးဟု JPGF ကြေညာ
DVB
·
October 25, 2022
ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းပြီးဟု JPGF ကြေညာ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း တော်လှန်ရေးအရှိန် ပိုမြှင့်ဖို့ ဒေသခံ‌တော်လှန်ရေးအင်အားစု Local PDF တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဆွေးနွေးကာ " ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု"အဖြစ် ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးကို အင်အားစုကြီး တရပ်အနေနဲ့ အရှိန်ဟုန်မြှင့် လုပ်ဆောင်ဖို့ ဒေသခံကာကွယ်ရေး တပ်တွေကြား အချင်းအချင်း အပြန်အလှန်ကူညီရိုင်းပင်းပြီး စစ်ဆင်ရေးတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အများစုဟာ  စခန်းစီးနင်းခံတာ၊ ဖမ်းဆီးခံရတာတွေ များလာသလို ရှမ်းတောင်ပြည်သူလူထုရဲ့ တော်လှန်ရေးမှာ ပါဝင်မှု အားနည်းတာ၊ ထောက်ပံ့ရေး အားနည်းတာတွေ ကြုံနေရလို့ လွတ်မြောက်နယ်မြေမှာ စုစောင်းရေး လုပ်နေကြရတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

တပ်ပေါင်းစုတွင် ပူးပေါင်းပါဝင်သောအဖွဲ့အစည်းတွေကတော့ Force 36 Ranger၊ Joe Phyu Guerrilla Force၊ Ye-Ngan Urban Guerrillas၊ Urban Task Force Aung Ban - UTF ၊ RED ANTS guerilla force အဖွဲ့တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013