DVB Logo
Home
မြန်မာသတင်း
မင်းကွန်းပုထိုးတော်ကြီးပေါ် မတက်ရန် သတိပေး
DVB
·
May 6, 2014
မင်းကွန်းပုထိုးတော်ကြီးပေါ် မတက်ရန် သတိပေး
Donate to DVB

ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ မင်းကွန်းဒေသက ပုထိုးတော်ကြီးအပေါ်ကို မတက်ရောက်ဖို့ ရှေးဟောင်းသုတေသနက သတိပေးတားမြစ်ချက် ထုတ်ထားပေမယ့် ဘုရားဖူးလာတဲ့ လေ့လာသူတွေအချို့ကတော့ ပုထိုးတော်ကြီးပေါ်ကို တက်ရောက်နေကြလို့ အန္တရာယ် ရှိလာနိုင်တယ်လို့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်မှူးက ပြောပါတယ်။

Min kon copyစစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်မှူး ဦးမြင့်စိုးအောင်က “၂၀၁၂ နိုဝင်ဘာမှာ ငလျင်လှုပ်တယ်။ အန္တရာယ်ရှိလို့ မတက်ရဘူးလို့ တားမြစ်ထားတယ်။ လိုက်နာဖို့ပဲရှိတယ်။ တားမြစ်ထားတာကို သူတို့က ဥပဒေမဲ့စွာနဲ့ စည်းကမ်းမလိုက်နာတာကိုတော့ ဘယ်လို တာဝန်ယူရမလဲ။ ရာဇသတ်ကြီး ပုဒ်မနဲ့ ထုတ်ထားတာ မဟုတ်ဘူး။ ပြည်သူလူတု ဒီပေါ်တက်ရင် အချိန်မရွေး အန္တရာယ်ဆိုတာ မမြင်နိုင်ဘူး၊ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

ပုထိုးတော်ကြီးပေါ် တက်ရောက်လေ့လာသူတွေ စဉ်ဆက်မပျက် ရှိနေတယ်လို့ ပုထိုးတော်ကြီး ဘုရားရှေ့မှာ မင်းကွန်းအမှတ်တရ အင်္ကျီတွေ ရောင်းတဲ့ ပစ္စည်းအရောင်းဆိုင်ရှင် ဒေါ်ခင်မင်းရီက ပြောပါတယ်။

“တခါတလေ အုပ်စု အများကြီးတက်ရင် တားမြစ်တယ်။ တခါတလေကျတော့ ရဲတွေက မမြင်ချင်ယောင်ဆောင်ရတယ်။ တချို့ကလည်း လှေကားကြီး တပ်ထားတော့ တက်ရမယ်ထင်လို့ တက်ကြတာ နေမှာပေါ့။ တခါလေကျ အားနာလို့ မပြောကြဘူးလေ” လို့ ပြောပါတယ်။

လှုပ်ခတ်ခဲ့ပြီးတဲ့ ငလျင်ဒဏ်အမျိုးမျိုးကြောင့် မင်းကွန်းပုထိုးတော်ကြီး အဆောက်အအုံဟာ ပျက်စီးယိုယွင်းနေပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ လှုပ်ခဲ့တဲ့ သပိတ်ကျင်းငလျင်ကြောင့် ပုထိုးတော်ကြီးပေါ်ကို တက်ရောက်ဖို့ အန္တရာယ်ပိုများလာပါတယ်။

ဒါကြောင့် သတိပေးတားမြစ်ချက် ဆိုင်းဘုတ်တွေ ထုတ်ပြန်ထားပါတယ်။ ပုထိုးတော်ကြီး အနီးမှာ ရှိတဲ့ဌာနဆိုင်ရာ ၀န်ထမ်းနဲ့ လုံခြုံရေးရဲတွေက တက်ရောက်နေသူတွေကို တွေ့ပါက
တာဝန်သိစွာ တားမြစ်သင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013