DVB Logo
Home
မြန်မာသတင်း
အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲနေ
DVB
·
May 6, 2014
အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲနေ
Donate to DVB

မြန်မာ့ ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြှင့်တင်နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲနေပြီဖြစ်ကာ လာမယ့် အောက်တိုဘာလမတိုင်မီ ထွက်ပေါ်လာမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

tlw2 copyလက်ရှိ မြန်မာ့ပို့ကုန်တင်ပို့မှုက သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ ပို့ကုန်တွေသာ ဖြစ်လို့ တန်ဖိုးမြင့် ထုတ်လုပ်တင်ပို့နိုင်မှု မရှိသေးပါဘူး။ ဒါကြောင့် မြန်မာ့ပို့ကုန် ကဏ္ဍကို ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲနေတာ ဖြစ်ပါတယ်။

ဒီအတွက်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကြီးရဲ့ လက်အောက်မှာရှိတဲ့ နိုင်ငံတကာ ကုန်သွယ်မှုစင်တာရဲ့ အကူအညီနဲ့ ရေးဆွဲနေပြီး လာမယ့် အောက်တိုဘာလ မတိုင်မီ ထွက်ပေါ်လာဖို့ ရှိတဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ပို့ကုန်မဟာဗျူဟာတရပ် ထွက်ပေါ်လာခြင်းဟာ ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ ပြည်ပနိုင်ငံတွေရဲ့ အကူအညီတွေ ရရှိစေဖို့အတွက် အထောက်အကူတခု ဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးမူဝါဒရေးရာ လေ့လာကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက မြန်မာ့ပို့ကုန်တွေ ဟာ နိုင်ငံတကာဈေးကွက်မှာ ဈေးကွက်ရဲ့ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုစွမ်းအား အပါအ၀င် အားနည်း ချက်တွေကို ပြင်ဆင်နိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၃ - ၁၄ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုတန်ဖိုးက ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလနဲ့ ယှဉ်ရင် ကန်ဒေါ်လာ ၉ ဒဿ     မ ၅ ဘီလီယံကျော် တိုးတက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013