DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကေအိုင်အို ၆၂ နှစ် ပြည့်အထိမ်းမှတ် စတိတ်ရှိုးပွဲကို စစ်တပ် ဗုံးကြဲ၊ ကချင်အနုပညာရှင်များအပါအ၀င် ၅၀ ကျော်သေဆုံး
DVB
·
October 24, 2022
ဖားကန့်တွင် ကေအိုင်အို  ၆၂ နှစ် ပြည့်အထိမ်းမှတ် စတိတ်ရှိုးပွဲကို စစ်တပ် ဗုံးကြဲ၊  ကချင်အနုပညာရှင်များအပါအ၀င် ၅၀ ကျော်သေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့၊ ကေအိုင်အေ တပ်မဟာ ၉ မှာ  အောက်တိုဘာ ၂၃ ရက်က  ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းမှတ်နေ့အကြို ညပိုင်း စတိတ်ရှိုးပွဲ ကျင်းပနေချိန်  စစ်ကောင်စီက လေယာဉ်နဲ့‌ ဗုံးကြဲလို့  ကချင်အနုပညာရှင်တွေအပါအ၀င် အယောက်  ၅၀ ထိခိုက် သေဆုံးသွားတယ်လို့ ကေအိုင်အေနဲ့  ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံလူကြီးတဦးက "မနေ့ည ၈ နာရီလောက်မှာပါ။ စစ်ကောင်စီဘက်က လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲလာတယ်။ အဲဒီအချိန် အဆိုတော်အောင်ရာလီ သီချင်းဆိုတဲ့အချိန်ကြီးမှာ ဗုံးလာကြဲတာ။ အောင်ရာလီက ပွဲချင်းပြီး သေဆုံးတယ်။ ။ အားလုံး ၅၀ ကျော် သေတယ်။ ထိခိုက်ဒဏ်ရာရတာက ၅၀ အထက်ရှိတယ်"လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်မဟာ ၉၊ တပ်ရင်း ၆က ကေအိုင်အေ လူကြီးတချို့လည်း သေဆုံးသွားတယ်လို့  ကေအိုင်အေအရာရှိ တဦးက ပြောပါတယ်။

"တပ်ရင်း ၆ လူကြီး၊ တပ်မဟာ ၉ လူကြီးတချို့လည်းပါသွားတယ်။ ထမင်းချက်လိုက်လာတဲ့ မိခင်တွေ၊ လောပန်းတွေ၊ ကချင်အဆိုတော်၊ မင်းသားတွေနဲ့ ဖိတ်ကြားထားတဲ့ပြည်သူတွေ ထိခိုက်သွားတယ်။ ဒါက လူမျိုးတုံးသတ်ဖြတ်ခံတာပါ။”

ဖားကန့်မှာ  ကေအိုင်အေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေချိန်မှာ  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ရဲ့ ၆၂နှစ်ပြည့်အထိမ်းမှတ်ပွဲပြုလုပ်နေတာကို ကချင်ပြည်သူတချို့က ဝေဖန်နေကြပါတယ်။

"ခုချိန်က ပွဲကျင်းပရမဲ့အချိန်မဟုတ်ဘူး။ တနိုင်ငံလုံးက စစ်အာဏာရူးတွေကို တော်လှန်ချိန်ကြီးမှာ ပွဲလုပ်တယ်။ ပွဲစီစဉ်သူတွေ ဘယ်လိုဦးနှောက်နဲ့စီစဉ်တာပေါ့လေ။ ခုဖြစ်ရပ်အတွက် ၀မ်းနည်းစရာတောင် မရှိရလောက်အောင် ခံစားရတယ်။ ဒီဖြစ်ရပ်က ကချင်လူမျိုးကို လူမျိုးတုံးသတ်ဖြတ်တာဖြစ်တယ်လို့" ကချင်ပြည်သူတစ်ဦးကလည်းဆိုပါတယ်။

ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ KIA၊PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး  အခုရက်ပိုင်းက မိုးမောက်မြို့နယ်မှာ တိုက်ပွဲ ၃ ရက်ဆက်ဖြစ်ကာ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013