DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်း အမြန်နှုန်းတိုင်းတာရေး စက်များ ထပ်တပ်မည်
DVB
·
May 5, 2014
ရန်ကုန်-မန္တလေးလမ်း အမြန်နှုန်းတိုင်းတာရေး စက်များ ထပ်တပ်မည်
Donate to DVB

ယာဉ်တိမ်းမောက်မူတွေ မကြာခဏဖြစ်ပွားနေတဲ့ ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်မှာ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို အရေးယူဖို့အတွက် အမြန်နှုန်း တိုင်းတာရေးစက်တွေကို ထပ်မံ တပ်ဆင်ဖို့ ရှိနေပါတယ်။

[caption id="attachment_56043" align="alignleft" width="300"]yangon-mandalay road1 ဓာတ်ပုံ - ထွန်းထွန်းသိန်း[/caption]

ရန်ကုန်- မန္တလေး အမြန်လမ်းမရဲတပ်ဖွဲ့ဝင် တဦး ကတော့ လတ်တလောမှာ အမြန်နှုန်း တိုင်းတာရေး စက်အလုံး ၂၀ တပ်ဆင်ဖို့ရှိနေပြီး ထပ်မံတပ်ဆင်ဖို့လည်း ရှိနေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ မှာ မော်တော်ယာဉ်တွေကို ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်ခွင့်ပြုထားပေမယ့် အချို့ယာဉ်တွေက ပိုမို မောင်းနှင်ကြတဲ့အတွက် မကြာခဏဆိုသလို ယာဉ်တိမ်းမောက်မူတွေဖြစ်ပွားပြီး လူသေဆုံးမူတွေ ရှိနေပါတယ်။

သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်တွေနဲ့ စောင့်ကြည့်အရေးယူနေပေမယ့် ယဉ်ထိခိုက်မူတွေတော့ ရှိနေဆဲပါ။

အမြန်နှုန်း တိုင်းတာရေးစက်တွေကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ အ ကြား မှာ တပ်ဆင်ထားပြီး စစ်ဆေးအရေးယူနေတယ်လို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မူတွေက လမ်းရဲ့စံချိန်စံညွှန်း မမီတာကြောင့် ဖြစ်နိုင်သလို၊ တခြား အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ လာမယ့်မေလ ၁၀ ရက်နေ့ မိုင်တိုင်အမှတ် ၁၁၆ အနီးမှာ အကျွတ်အလွတ် ဒါနပွဲပြူလုပ်မယ့်အဖွဲ့ဝင် ဦးအောင်ကျော်နိုင်က ပြောပါတယ်။

အမြန်လမ်းမတလျှောက်ရဲ့ ၁၉ ရာခိုင်နှုန်းမှာ အားနည်းချက်တွေရှိနိုင်ပြီး ၆ ရာခိုင်နှုန်းက အသေးစိတ်ပြန်လည်ပြုပြင်ရန် လိုအပ်နေတယ်လို့ အမြန်လမ်းမ အဆင့်မြှင့်တင်ရေး အကူအညီတွေပေးဖို့ လေ့လာခဲ့တဲ့ ဂျပန်ကုမ္ပဏီတခု ဒီနှစ်ဆန်းမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်မှာ ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ၁၁၃ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး ၅၇ ဦး သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အပြည့်အစုံ နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013