DVB Logo
Home
Lead Story
အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံများ ရောင်းချပေးမည်
DVB
·
May 5, 2014
အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံများ ရောင်းချပေးမည်
Donate to DVB

 ရန်ကုန်နဲ့ နေပြည်တော် အပါအ၀င် အဝေးပြေးကားလမ်းတွေမှာ ယာဉ်မတော်တဆဖြစ်ပြီး လူအသေအပျောက် များလာတဲ့အတွက် အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံတွေ ရောင်းချပေးမယ်လို့ အစိုးရနဲ့ ပုဂ္ဂလိက အာမခံလုပ်ငန်း ကုမ္ပဏီ ၁၂ ခုက ဒီနေ့ ကြေညာပါတယ်။

SONY DSCမေ ၈ ရက်နေ့ စတင်ရောင်းချပေးမယ့် အဲဒီ အာမခံကို ခရီးတခေါက်အတွက် အာမခံကြေး ကျပ် ၃၀၀ သတ်မှတ်ထားပြီး မတော်တဆမှု ဖြစ်ရင် အကျိုးခံစားရမယ့် အများဆုံးပမာဏဟာ ကျပ်ငွေ သိန်း ၃၀ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ အဆင့်ဆိုရင်လည်း အများဆုံး ကျပ်ငွေ ၂၄ သိန်းအထိ ရနိုင်မယ်လို့ သိရပါတယ်။

အဝေးပြေး ဘတ်စ်ကားနဲ့ သွားလာမယ့် ခရီးသည်တွေကတော့ ဘတ်စ်ကား လက်မှတ်ခ မှာ အာမခံကြေးကိုပါ ထည့်ပေါင်းပေးရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013