DVB Logo
Home
Lead Story
ကမ္ဘောဇဘဏ် အခုနှစ်အတွက် အခွန် ၂၂ ဘီလီယံ ဆောင်
DVB
·
May 5, 2014
ကမ္ဘောဇဘဏ် အခုနှစ်အတွက် အခွန် ၂၂ ဘီလီယံ ဆောင်
Donate to DVB

မြန်မာနိုင်ငံမှာ ထိပ်တန်းအခွန်ဆောင်သူ ၁၀ ဦးထဲလည်းပါပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အထူးဂုဏ်ထူးဆောင်ဆုလည်း ရတဲ့ ကမ္ဘောဇဘဏ်လီမိတက်ဟာ အခု ၂၀၁၄-၁၅ ခုနှစ်အတွက် ကြိုတင်ခွန် ကျပ် ၂၂ ဘီလီယံ ပေးဆောင်ထားပြီး လာမယ့် ၂၀၁၅ - ၁၆ ခုနှစ်ကျရင် ကျပ်ငွေ ၂၈ ဘီလီယံအထိ တိုးတက်ပေးဆောင်ဖို့ လျာထားတယ်လို့ ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောပါတယ်။

kambawza bankနေပြည်တော်မှာ ကျင်းပတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံ့စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ သူက ခုလို ပြော လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ - ၁၄ ခုနှစ်တုန်းကလည်း အခွန် ကျပ်ငွေ ၁၇ ဘီလီ ယံ ပေးဆောင် ထားပါသေးတယ်။

လက်ရှိအချိန် ကမ္ဘောဇဘဏ်ဟာ မတည်ငွေရင်း ကျပ် ဘီလီယံ ၁၁၀၊ သီးသန့်ရံန်ပုံငွေ ဘီလီယံ ၈၀ ကျော် ရှိပြီး Total assets ရရန်ပိုင်ခွင့် ကျပ်ငွေ ၄ ထရီလီယံကျော်အထိ ရှိပြီး ဘဏ်ခွဲပေါင်း ၂၂၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013