DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် မူးယစ်ဆေးရောင်းသူပေါများပြီး ဆေးစွဲလူငယ် များပြားလာ
DVB
·
October 19, 2022
မင်းကင်းတွင် မူးယစ်ဆေးရောင်းသူပေါများပြီး ဆေးစွဲလူငယ် များပြားလာ
Donate to DVB

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်တင်တင် ရောင်းချနေတာကြောင့် ဆေးစွဲလူငယ် များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရောင်းချတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ WY စိတ်ကြွဆေး အများစု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တောင်ဖြူကျေးရွာ ဒေသခံရွာသားတယောက်က “သားသမီးချင်း ကိုယ်ချင်းမစာ အခုလို ရောင်းနေကြတာ” လို့ ပြောပါတယ်။

မူးယစ်ဆေးရောင်းချသူတွေဟာ နှာရှူပုလင်းတလုံးကို မင်းကင်းမြို့ပေါ်မှာ ၇,၀၀၀ နဲ့ ရောင်းချပြီး နယ်တွေဘက်မှာ နှာရှူပုလင်းတလုံးကို ၁၅,၀၀၀ ကနေ ၂၀,၀၀၀ နဲ့ ရောင်းချနေတယ်လို့လည်း တောင်ဖြူဒေသခံ မိဘတွေက ပြောပါတယ်။

ဒေသခံ မိဘတယောက်က “ဒီအကြောင်းပြောရမှာ စိတ်ကိုမကောင်းဘူး။ ကျမက သားတွေကြီး ၄ ယောက်မွေးထားတော့ ပိုပြီးစိုးရိမ်ရတယ်။ အခုဟာက ကျောင်းနေတဲ့ ကလေးတွေကို စည်းရုံးရောင်းနေကြတာ။ ပထမတခါ အလကား ပေးရှူခိုင်းတယ်။ နောက်တခေါက်ကတော့ ပိုက်ဆံပေးဝယ်ရှူရတယ်လို့ သားငယ်က ပြန်ပြောပြလို့ သိရတယ်။ ဒါတွေကို မြို့ပေါ်က တာဝန်ရှိသူတွေ အသိပေးပေမဲ့ ဘာမှလုပ်မပေးဘူး။ ဒီအတိုင်းသာ ပစ်ထားရင် ကျမတို့ မင်းကင်းတနယ်လုံး ဘိန်းဖြူနယ်ကြီးဖြစ်တော့မှာ သေချာတယ်” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ ကလေးမြို့ဘက်ကနေ တောင်တွင်းချောင်ဘက်၊ တောင်တွင်းချောင်ကနေ မင်းကင်းမြို့ပေါ်ကို ရောက်လာသလို‌ ဖားကန့်၊ တာမခံ စတဲ့ ရွှေမှော်၊ ကျောက်မှော်တွေဆီကပါ မင်းကင်းမြို့ကို လာရောက်ပို့ဆောင် ရောင်းချနေတာတွေ ရှိနေတယ်လို့ မင်းကင်းဒေသခံတွေဆီကနေ သိရပါတယ်။

ဆေးဝါးသုံးစွဲသူတွေဟာ ကျောင်းနေအရွယ် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေးငယ်တွေ အများစု မူးယစ်ဆေးစွဲနေကြပြီး နယ်မြေမလုံခြုံမှုကြောင့် စာသင်‌ကျောင်း‌ေတွ မဖွင့်လှစ်နိုင်သေးဘဲ ကလေးငယ်အများစု မူးယစ်ဆေးဝါးတွေ သုံးစွဲလာမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံမိဘတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013