DVB Logo
Home
မြန်မာသတင်း
ရှမ်း ၂ ပါတီ ပူးပေါင်းရေး မူအားဖြင့် သဘောတူ
DVB
·
May 4, 2014
ရှမ်း ၂ ပါတီ ပူးပေါင်းရေး မူအားဖြင့် သဘောတူ
Donate to DVB

မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)ပါတီနဲ့ ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (အက်စအန်ဒီပီ) တို့ ပူးပေါင်းဖို့ မူအားဖြင့် သဘောတူညီမှုရခဲ့တယ်လို့ နှစ်ဘက်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

[caption id="attachment_55975" align="alignleft" width="300"]ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ဆွေးနွေးနေစဉ် ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ဆွေးနွေးနေစဉ်[/caption]ရှမ်းနှစ်ပါတီက ဒု-ဥက္ကဋ္ဌ တွေခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေ မေလ ၃ ရက်နေ့ မေလ ၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ခုလို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

ပါတီနှစ်ခုပူးပေါင်းဖို့ သဘောတူညီမှုရသွားတဲ့အကြောင်း အက်စ်အန်အယ်လ်ဒီ ပါတီ ဒုဥက္ကဋ္ဌ စိုင်းစောအောင်က အခုလိုပြောပါတယ်။
“ကျနော်တို့ မနေ့က တဖွဲ့ကို ၅ ယောက်စီ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် အတိုချုပ်လေး ရတာပေါ့။ အဲဒီ သဘောတူညီချက်ကတော့ အက်စ်အန်အယ်လ်ဒီနဲ့ အက်စ်အန်ဒီပီ ၂ ပါတီတို့သည် ပါတီပေါင်းစည်းရေးအတွက် သဘောတူညီကြပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။ ထို့အပြင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုတဲ့ သဘောတူညီချက်ရတယ်။ ဒါနဲ့ မပြီးသေးဘူး၊ ဆက်လက်ဆွေးနွေးသွားမယ်ဆိုတော့ ကျနော်တို့က ၁ လ သို့မဟုတ် ၂ လ ခြားပြီးတော့ နောက်ထပ်တခါတွေ့ဖို့ သဘောတူတာ။ ပေါင်းဆည်းဖို့အတွက် မူအားဖြင့် သဘောတူတာ အသေးစိတ်ဘာမှ ဆွေးနွေးမှု မရှိသေးဘူး။”

ဆွေးနွေးပွဲမှာပါဝင်တဲ့ ကျားဖြူပါတီ အတွင်းရေးမှူး (၁) လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းမောင်တင်ကတော့ ပါတီနှစ်ခုပူးပေါင်းရေးဟာ မူဝါဒတွေ မတူညီတဲ့ အတွက် အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး ရှေ့ဆက်ဆွေးနွေးမှုတွေ ဆက်လုပ်ရဦးမယ်လို့ ပြောပါတယ်။

“ပေါင်းဖို့တော့ ရှိတယ်။ မူသဘောအားဖြင့်တော့ နှစ်ပါတီလုံးက လက်ခံတယ်။ တဆင့်စီ တဆင့်စီ လုပ်သွားမှာပေါ့နော်။ ၂ ပါတီ ပေါင်းပြီးတော့ ၃ ပါတီ ဖြစ်သွားတာတို့ အဲဒီလို ဖြစ်သွားမှာလည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် မနေ့က ပထမဆုံးတွေ့ကြတယ်ဆိုတော့ ကျားဖြူပါတီကနေပြီး ၁ နှစ်ခွဲကြာ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ဖွဲ့ထားတာ ၅ ဦးပါကော်မတီ ဖွဲ့ထားတယ်။ မနေ့ကတွေ့ဖြစ်တော့ ပြည်သူတွေလည်း ၀မ်းသာတယ်၊ ကျနော်တို့လည်း ၀မ်းသားတယ်။ အခက်အခဲတွေတော့ အများကြီးရှိတယ်။ အတူတဲ့ မူဝါဒတွေကို ညှိနှိုင်းပြီး တဆင့်စီတော့ သွားရမှာပဲ။ အဓိကဆိုရင်တော့ ၈ ယူနစ်နဲ့ ၁၄ ယူနစ်ပေါ့ အဲဒီကိစ္စတွေပါပဲ။”

ရှမ်းပါတီ နှစ်ခုအကြား အဓိက သဘောတူညီမှု မရသေးတဲ့ ပါတီမူဝါဒ ကတော့ အက်စ်အန်အယ်ဒီပါတီ က ၈ ပြည်နယ်စနစ်ကို ပြောင်းလဲလိုပြီး ကျားဖြူပါတီကတော့ ၁၄ ပြည်နယ်စနစ်ကို ကျင့်သုံးလိုတာ ဖြစ်ပါတယ်။

ပါတီ ၂ ပါတီ ပူးပေါင်းဖြစ်ခဲ့ရင်တော့ ရွေးကောက်ပွဲဥပဒေအတိုင်း လက်ရှိပါတီတွေကို ဖျက်သိမ်းပြီး ပါတီနာမည်သစ်တခုနဲ့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေ လျှောက်သွားမှာ ဖြစ်တယ်လို့လည်း ရှမ်းပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ပါတီ ၂ ခုပူးပေါင်းဖို့ ကိစ္စကို ပြီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားညီလာခံမှာ ရှမ်းလူထုတွေက တောင်းဆိုခဲ့ တာဖြစ်ပြီး မတ်လအတွင်းကလည်း ပါတီနှစ်ခုပူးပေါင်းဖို့ ဖိအားပေးတဲ့အနေနဲ့ ကျားဖြူပါတီက ပြည်နယ်လွှတ်တော်အမတ် ၃ ဦး အပါအ၀င် ပါတီဝင်တွေ နုတ်ထွက်သွားခဲ့ ပါတယ်။

ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပြီး ဦးစိုင်းအိုက်ပေါင်း ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013