DVB Logo
Home
မြန်မာသတင်း
ပြည်သူသတင်းပေးမှုကြောင့် တရားမ၀င်ပစ္စည်း ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
May 4, 2014
ပြည်သူသတင်းပေးမှုကြောင့် တရားမ၀င်ပစ္စည်း ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ
Donate to DVB

ရန်ကုန်ဆိပ်ကမ်းတွေမှာ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ဖိုး တရားမ၀င်ပစ္စည်းတွေကို Mobile Team က ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးခဲ့လို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး မေ ၁ ရက်နေ့အထိ ရန်ကုန်ဆိပ်ကမ်း ၇ ခုကနေ တရားမ၀င်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဖမ်းဆီးရခဲ့ပါတယ်။

Mobile Teamဒီအထဲမှာ ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးလို့ ဖမ်းဆီးနိုင်ခဲ့တာလို့ ရန်ကုန်ဆိပ်ကမ်း Mobile Team က ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
“ကျနော်တို့က သတင်းပေးနဲ့ စစ်ရတာလေ။ သတင်းပေးရတာလာရင် အပေါ်တင်ပြပြီး မိုဘိုင်းတင်းအဖွဲ့နဲ့ စစ်ရတာလေ။ ဆိပ်ကမ်းကတော့ လှုပ်ရှားတွေ ရှိပြီးသားလေ။ သင်္ဘော ကပ်တာနဲ့ အကောက်အခွန်မဲ့ပစ္စည်းတွေ့တာပေါ့။ အပြင်သတင်းပေးကတော့ ပြည်သူ သတင်းပေးတဲ့ အပေါ်မှာ ကျနော်တို့က ပဏာမ ကြည့်ပြီးတော့ အသေးစိတ်ပြန်လိုက်ရတာလေ။ လိုက်ပြီးတော့ တွေ့ရှိချက်အပေါ်မှာ ဆက်လုပ်ရတာလေ။”

ဖမ်းဆီးရမိမှုမှာ အမှုပေါင်း ၄၈ မှုရှိပြီး သတင်းပေးလို့ ဖမ်းဆီးတာက ၁၂ မှု ဖြစ်ပါတယ်။ အများစုကတော့ တရားမ၀င် တင်သွင်းလာသော အရက်၊ ဘီယာနဲ့ ၀ိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခွန်မဆောင်ခင်မှာ လိုင်စင်လုပ်ရမယ်။ လိုင်စင်လုပ်ဖို့ သတ်မှတ်ထားတဲ့ သွင်းကုန်ဖြစ်စေ ပို့ကုန်ဖြစ်စေ ပစ္စည်းကို လိုင်စင်လုပ်ရမယ်။ တချို့ပစ္စည်းက လိုင်စင်မလိုတဲ့ ပစ္စည်းကျတော့ သွင်းကုန်ကြေညာလွှာ ထုတ်ကုန်ကြေညာလွှာ ရမယ်။ ကြေညာပြီးတော့ အဲဒီအပေါ်မှာ အခွန်ဆောင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိုင်စင်လိုလို မလိုလို အကောက်အခွန် ကုန်သွယ်လုပ်ငန်းအခွန် ဆောင်ရမယ်။”

ရန်ကုန်ဆိပ်ကမ်း Mobile Team မှာ အင်အား ၇၀ ကျော်ရှိပြီး အကောက်ခွန်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မီဒီယာသမားတွေ ပူးပေါင်းဖွဲ့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013