DVB Logo
Home
မြန်မာသတင်း
ပိတ်မိရွာသားများကို သွားကယ်သည့် ဘုတလင်ဒေသခံ PDF ၂ ဦးကျဆုံး၊ ၃ ဦး အဖမ်းခံရ
DVB
·
October 16, 2022
ပိတ်မိရွာသားများကို သွားကယ်သည့် ဘုတလင်ဒေသခံ PDF ၂  ဦးကျဆုံး၊ ၃ ဦး အဖမ်းခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ဒန်းတိုင်းရွာအတွင်း ပိတ်မိနေတဲ့ ရွာသားတွေကို သွားကယ်တဲ့ ဒေသခံ PDF အဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး  ၂ ယောက် ကျဆုံး၊ ၃ ယောက် အဖမ်းခံရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ နဲ့ လူဦးရေ ၉၀၀ လောက်နေတဲ့ အဲဒီရွာကို အင်အား  ၈၀ ပါ စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြပြီး ပိတ်မိနေတဲ့ ရွာသားတွေကို ဒေသခံ PDF အဖွဲ့ဝင်တွေ သွားရောက် ကယ်ထုတ်ရာမှ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် ခံခဲ့ရတာလို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

‘“ရွာထဲကလူတွေ ကယ်ထုတ်ရင်း ဖြစ်သွားတယ်။ ၂ ယောက်ကတော့ နေရာတင်ကျသွားတယ်။ သေဆုံးသူကတော့ ရွာသားတွေ အပြင်ထွက်နိုင်အောင် ခံပစ်ပေးရင်း အသက်ဆုံးရှုံးသွားရတာပါဗျာ။ နောက် ၃ ဦးကတော့ အရှင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရသေးတယ်။ ရွာသား ၄ ဦး (မစိုးရိမ်) ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဘုတလင်ပြည်သူ့ကာကွယ်ရေးတပ်က ပိတ်မိ ရွာသား ၁၀ ယောက်လောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဘုတင်လင်မြို့ပေါ်ကို ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း ညဘက်တွေမှာ နယ်မြေရှင်းလင်း ထိုးစစ်ဆင်နေပြီး အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေ သတိထားနေထိုင်ကြဖို့ ဘုတလင်မြို့နယ်တော်လှန်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013