DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဟာ မီဒီယာ ဥပဒေရဲ့ ဟာကွက်ကြောင့်လို့ ပြန်ကြားရေးဝန်ကြီးပြောဆို
DVB
·
May 3, 2014
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဟာ မီဒီယာ ဥပဒေရဲ့ ဟာကွက်ကြောင့်လို့ ပြန်ကြားရေးဝန်ကြီးပြောဆို
Donate to DVB

သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ မီဒီယာဥပဒေရဲ့ ဟာကွက်ဖြစ်နေတုန်းမှာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

[caption id="attachment_55929" align="alignleft" width="300"]ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်[/caption]သမ္မတလက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး နည်းဥပဒေတွေ မထွက်လာသေးတဲ့ မီဒီယာဥပဒေရဲ့ ဟာကွက်ကြောင့် သတင်းသမားတွေကို ဖမ်းဆီးထောင်ချအရေးယူတာတွေ ဖြစ်နေတာပါလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

“အဓိကတော့ ဒီလိုကိစ္စလေးတွေ ဖြစ်လာရတဲ့ တကယ့် အကြောင်းအရင်းကတော့ မီဒီယာဥပဒေ ဟာကွက်လေး ဖြစ်နေတဲ့အချိန်မှာ ဖြစ်သွားတာလေ။ အခု မီဒီယာဥပဒေတွေက နိုင်ငံတော် သမ္မတကြီး လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီထွက်ပေါ်လာတဲ့ ဥပဒေတွေကို ကျနော်တို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ဆက်လက်ပြီး ရေးဆွဲနေပါတယ်။ အဲဒါကို အမြန်ဆုံး လုပ်နေပါတယ်။”

ရန်ကုန်မြို့က ချက်ထရီယမ် ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောသွားတာပါ။ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကိုတော့ ၀န်ကြီးက အခုလို ဖြေကြားပါတယ်။

“ကျနော်တို့ ၀န်ကြီးဌာနအနေနဲ့ ဒါကို အရေးယူဆောင်ရွက်တာ မဖြစ်ပါဘူး။ နစ်နာတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အရ သူ့ရဲ့အခွင့်အရေးအရ တရားစွဲဆိုခြင်းသာလျှင် ဖြစ်ပါတယ်။ ဒီတရားစွဲဆို ခဲ့တာဟာလည်း သက်ဆိုင်ရာ တရားရုံးတွေက နည်းလမ်းတကျ စစ်ဆေး စီရင်ခဲ့မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပွားရတာဟာ သတင်းသမားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် မဟုတ်ဘူး ဆိုတာ ကျနော် နားလည်ပါတယ်။”

မီဒီယာဥပဒေမှာ သတင်းစာဆရာတွေကို အကာအကွယ်ပေးဖို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားသလို သတင်းစာဆရာတွေအနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆီက သတင်းတွေ တောင်းဆိုပိုင်ခွင့် ရကြမယ်လို့လည်း ၀န်ကြီး ဦးအောင်ကြည်က သူ့ရဲ့ အဖွင့်အမှာစကားမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013