DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးပြီးနိုင်ငံများက ပေးသည့် အကူအညီ မြန်မာ ရရှိတော့မည်
DVB
·
May 3, 2014
ဖွံ့ဖြိုးပြီးနိုင်ငံများက ပေးသည့် အကူအညီ မြန်မာ ရရှိတော့မည်
Donate to DVB

မြန်မာနိုင်ငံရဲ့အနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပေးတဲ့အကူအညီတွေကို ပိုမို ရရှိတော့မှာ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိက ပြောဆိုလိုက်ပါတယ်။

ယခင်အစိုးရရဲ့ တံခါးပိတ်စီးပွားရေးစနစ်ကြောင့် မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုမူဝါဒဟာ အားနည်းချက်တွေ ရှိခဲ့လို့လည်း နိုင်ငံတကာရဲ့ အကူအညီတွေကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

commerce.gov.mmအခု အစိုးရသစ်လက်ထက်မှာတော့ ကုန်သွယ်မှုဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ် ပြင်ဆင်ခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၆၀ နီးပါးအကြာမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့အကူအညီနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးရဲ့အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အရင်ပေါ်လစီကတော့ ဘာလဲဆိုတော့ တံခါးပိတ် စီးပွားရေးဖြစ်တဲ့အတွက် သူတို့လုပ်ရတဲ့ ကုန်သွယ်ရေးဆိုတာလည်း သိတဲ့အတိုင်းလေ။ တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံနဲ့ လုပ်ရတဲ့အတွက် နိုင်ငံတကာ ယှဉ်မယ်ဆိုရင် အားနည်းတယ်။ အခုဟာက ဘယ်ကုန်စည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် WTO ရဲ့အတိုင်းပဲ တော်တော်များများကလေ။ သူတို့နဲ့ ညှိနှိုင်းတယ်။ ပြင်ရမယ့်ဟာတွေကို သူတို့က ပြတယ်။ ကိုယ်က ပြင်တယ်။”

ဒါကြောင့် ဒီပြင်ဆင်မှုကနေ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာနိုင်ပါသလဲ။ ဒါနဲ့ ပတ်သတ်ပြီိး သူက အခုလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ကုန်သွယ်မှုအကူအညီကို ပြောတဲ့အခါမှာ နံပါတ် ၁ က Capacity building ပေါ့နော်။ ဒုတိယကတော့ ပို့ကုန်နဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ အခက်အခဲရှိရင် အဲဒါမျိုးတွေပြောတယ်။ Capacity building ဆိုတာ ကုန်သွယ်မှုနဲ့ဆိုင်တဲ့ ထုတ်လုပ်သူတွေရဲ့ အရည်အသွေး မြင့်မားအောင်ပေးတဲ့ဟာ၊ နောက်တခုက နည်းပညာအကူအညီပေါ့။ အဲသုံးခု ပေးဖို့ရှိတယ်။ တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက်ပေါ့။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကလည်းTrade Policy Review ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားရှိပြီး ဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုအကူအညီတွေ ပိုမိုရရှိတော့မှာ ဖြစ်တဲ့အကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဒီနောက် မြန်မာ့ပို့ကုန်တွေအနေနဲ့ အရေအတွက်နဲ့ အရည်အသွေးတိုးတက်စေဖို့ အမျိုးသားပို့ကုန် မဟာဗျူဟာကို International Trade Centre နဲ့ ပူးပေါင်းပြီး ရေးဆွဲနေပြီဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးက ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး Trade Facilitation, Liberalization, Promotion နဲ့ Trade Education ကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့လို့ ကုန်သွယ်မှုတန်ဖိုးက ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလနဲ့ ယှဉ်ရင် ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော် တိုးတက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013