DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီဈေး ပြန်လည်ကျဆင်း
DVB
·
October 14, 2022
စားအုန်းဆီဈေး ပြန်လည်ကျဆင်း
Donate to DVB

မြန်မာပြည်တွင်းဈေးကွက်မှာ စားအုန်းဆီ လက်လီဈေး တလကျော်အတွင်း ကျပ် ၃၀၀၀ ကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၃၅ ရာခိုင်နှုန်း ပြန်လည် ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်မှာ  စားအုန်းဆီ တပိဿာ လက်လီဈေးက ကျပ်  ၁၀,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပေမဲ့ အခုအခါ တပိဿာကို လက်လီဈေး ၆၅၀၀ ကျပ်နဲ့ ရန်ကုန်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါတယ်။

စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တဦးက “စားဆီဈေးတွေ ပြန်ကျတယ်။ အရင်က တပိဿာကို ၉,၀၀၀ ၊ ၁၀,၀၀၀ ဝန်းကျင်မှာရှိတယ်။ အခုက ၆,၀၀၀ ကျော်ပေါ့။ စားဆီတင်မဟုတ်ဘူး။ ပဲဆီဈေးလည်း နည်းနည်းကျတယ်”လို့  ပြောပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အခုသီတင်းပတ်အတွက် အခြေခံ လက်ကားရည်ညွှန်းဈေးကို တပိဿာမှာ ၃,၈၈၀ ကျပ် သတ်မှတ်ထားတာပါ။ ကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းဟာ  ပြင်ပဈေးကွက် လက်လီပေါက်ဈေးထက် ပုံစံ နှစ်ဆဝန်းကျင် ကွာဟချက် ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်မှာ ကော်မတီရဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး သတ်မှတ်ချက်က တပိဿာကို ၅၂၂၀ ကျပ်ရှိခဲ့ပြီး ပြင်ပလက်လီဈေးကွက်မှာတော့ တပိဿာကို ကျပ် ၉,၅၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင် အထိရှိခဲ့ပါတယ်။

လက်ရှိ အောက်တိုဘာလ ဒုတိယပတ်မှာ စားအုန်းဆီလက်ကားရည်ညွှန်းဈေး သတ်မှတ်ချက်က တပိဿာ ၃,၈၈၀ ဖြစ်ပြီး၊ လက်လီစျေးက  ကျပ် ၆,၂၀၀ ကနေ  ၆,၅၀၀ ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။

တလကျော်ကာလအတွင်းမှာ ကော်မတီရဲ့  လက်ကားရည်ညွှန်းဈေးက တပိဿာကို ကျပ် ၁,၃၀၀ ကျော် ပြန်ကျဆင်းခဲ့ပြီး၊ လက်လီဈေးက ကျပ် ၃,၀၀၀ ကျော် ပြန်လည်ကျဆင်းလာခဲ့တာပါ။

ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီး မြို့နယ်တွေမှာ တိုက်ရိုက်လှည့်လည်ရောင်းချပေးနေတဲ့ ဈေးနှုန်းကတော့  တပိဿာကို ၄,၁၀၀ ကျပ်ဖြစ်ပါတယ်။

ပြည်တွင်း စားအုန်းဆီဈေးနှုန်ဟာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်ခင်က တပိဿာကို ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ပေမဲ့  စစ်တပ် အာဏာသိမ်းပြီးနောက်မှာ  မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်လာတဲ့နဲ့အတူ တပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ တရိပ်ရိပ် မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ဒုတိယပတ်က စပြီး တစ်စတစ်စ  ပြန်လည်ကျဆင်းလာခဲ့ရာ လက်ရှိမှာ တစ်ပိဿာကို ၆၅၀၀ကျပ် ဝန်းကျင်မှာ  ရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  စားအုန်းဆီကို ပြည်ပကနေ အဓိကဝယ်ယူတင်သွင်းနေရတာပါ။ စားအုန်းဆီတရားဝင်တင်သွင်းမှုက  တစ်နှစ်ကို တန်ချိန် ရှစ်သိန်းကျော် ရှိပြီးတော့ တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင် စုစုပေါင်းတင်သွင်းမှုက တစ်နှစ်ကို တန်ချိန် တစ်သန်းလောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013