DVB Logo
Home
သတင်းမီဒီယာ
ဒီဗွီဘီသတင်းထောက် ထောင်ချခံရမှု မီဒီယာဥပဒေရဲ့ ဟာကွက်ဟု ပြန်ကြားရေးဝန်ကြီးပြော
DVB
·
May 3, 2014
ဒီဗွီဘီသတင်းထောက် ထောင်ချခံရမှု မီဒီယာဥပဒေရဲ့ ဟာကွက်ဟု ပြန်ကြားရေးဝန်ကြီးပြော
Donate to DVB

ဒီဗွီဘီသတင်းထောက်ကိုဇော်ဖေ ဖမ်းဆီးထောင်ချခံရတာဟာ သတင်းသမားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ်မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

DSC_0938 (Copy) (Copy)ရန်ကုန်မြို့က ချက်ထရီယမ် ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောသွားတာပါ။

ဒီဗွီဘီ သတင်းထောက်ကိုဇော်ဖေကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဟာ သမ္မတလက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မီဒီယာဥပဒေရဲ့ ဟာကွက် ဖြစ်နေတုန်းမှာ ဖြစ်သွားတာပါ လို့ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

ဒါဟာ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့အရေးယူဆောင်ရွက်တာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
“ဒီလိုအဖြစ်မျိုးမဖြစ်အောင်လည်း အနာဂတ်ကာလ၊ သတင်းမီဒီယာဥပဒေတွေ ထွက်ပေါ် လာပြီးတဲ့ ကာလမှာ ကျနော်တို့ အစွမ်းကုန်ဝိုင်းဝန်းပြီး ကြိုးစားသွားဖို့ လိုအပ်တယ်လို့ ကျနော် အလေးအနက် ခံယူပါတယ်” လို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

နှစ်စဉ် မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ တတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013