DVB Logo
Home
မြန်မာသတင်း
ကရင်ပါတီသစ်တခု မှတ်ပုံတင်မည်
DVB
·
May 2, 2014
ကရင်ပါတီသစ်တခု မှတ်ပုံတင်မည်
Donate to DVB

လူပုဂ်္ဂိုလ် ၁၅ ဦး စုပေါင်းပြီး ကရင်အမျိုးသားပါတီ (KNP) တည်ထောင်ခွင့်အတွက် ဒီမေလကုန်မှာ လျှောက်ထားဖို့ရှိနေပါတယ်။

ကရင်အမျိုးသားပါတီ (KNP)ကို လွန်ခဲ့တဲ့ မတ်လကတည်းက ပါတီထူထောင်ဖို့ လုပ် ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပါတီကော်မီဝင် ၁၅ ဦးကို ရွေးချယ်ထားပါတယ်။

[caption id="attachment_55892" align="alignleft" width="300"]ကရင်အမျိုးသားပါတီ (KNP) နာယက မန်းသိန်းရွှေ ကရင်အမျိုးသားပါတီ (KNP) နာယက မန်းသိန်းရွှေ[/caption]ဒီပါတီဟာ အဓိကအားဖြင့် ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုမယ့်ပါတီဖြစ်ပြီး ပါတီထူထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီ ပါတီနာယက မန်းသိန်းရွှေက အခုလို ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ အဓိကတော့ ကရင်အမျိုးသားတွေရဲ့ အသံတွေကို ဖော်ဆောင်ဖို့နဲ့ နောက်တခါ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်တဲ့နေရာမှာ ပါဝင်ဖို့ပေါ့။ အခု ဘယ်သူတွေ ပါဝင်မယ်ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၇ က ၀ါးခယ်မမြို့နယ် ပြည်တောကြီးကျေးရွာမှာ အလံတို့ တံဆိပ်တုံးတို့ အတည်ပြုတယ်။ မေလ နောက်ဆုံးအပတ်မှာ မှတ်ပုံတင် တင်ဖို့အတွက် လျာထားတယ်။”

ကရင်အမျိုးသားပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အဓိကအားဖြင့် ဧရာဝတီတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာလို့ပြောပါတယ်။

ဧရာဝတီတိုင်းမှာရှိနေတဲ့ ကရင်လူမျိုးတွေဟာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်လူမျိုးထက် ၂ ဆများတဲ့အတွက် ကရင်အများစုနေထိုင်နေနေရာကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မန်းသိန်းရွှေက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကရင်ပါတီတွေကတော့ ကရင်ပြည် သူ့ပါတီ (KPP)၊ ဖလုံစဝေါဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP) နဲ့ ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013