DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်များနှင့် မီးဘေးသင့်ပြည်သူများကို ထောက်ပံ့
DVB
·
October 13, 2022
ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်များနှင့် မီးဘေးသင့်ပြည်သူများကို ထောက်ပံ့
1 / 3
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်သား‌တွေရဲ့‌ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာတွေနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်က လာပို့ရွာ၊ ရွာစည်ရွာ၊ ရွှေတောင်ရွာနဲ့ မြင်းဇာကျေးရွာတွေက စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို တအိမ်ထောင် ဆန် ၁ တင်းနှုန်းနဲ့ တဦး ငွေကျပ် ၈,၅၀၀ နှုန်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့တာပါ။

အဆိုပါကျေးရွာ‌တွေက မီးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ကြေး‌နဲ့ အသုံးအဆောင်ပစ္စည်း တန်ဖိုး စုစုပေါင်း ငွေကျပ် ၁၀ သိန်းကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပြည်တွင်းပြည်ပက ပြည်သူတွေက ထောက်ပံ့ကူညီလှူဒါန်းလို့သာ ကျနော်တို့က လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ထောက်ပံ့ပေးနိုင်တာပါ။ ကျနော်တို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ လစဉ် စစ်ဘေးရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးနေပါတယ်။ ဆက်လက်ပြီး ထောက်ပံ့ပေးကြပါအုံး။ ပါဝင်လှူဒါန်းပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၁,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက် သတင်းအမှောင်ချထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေ အတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က‌ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013