DVB Logo
Home
မြန်မာသတင်း
နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၆ နှစ်ပြည့် လပွတ္တာတွင် ဆုတောင်းပွဲ ပြုလုပ်
DVB
·
May 2, 2014
နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၆ နှစ်ပြည့် လပွတ္တာတွင် ဆုတောင်းပွဲ ပြုလုပ်
Donate to DVB

မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ်က ၀င်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်မှု ၆ နှစ်ပြည့်အဖြစ် ဒီနေ့ ညနေပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို.မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူသေပျောက်မှု အများဆုံးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ဒီနေ့ဆို ၆ နှစ်ပြည့်ခဲ့ပါပြီ။

6th nargis anual leputtaနာဂစ်မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မြို.နယ်တခုဖြစ်တဲ့ လပွတ္တာမြို လေးမျက်နှာဘုရားရှေ့မှာ ဒီနေ့ ညနေပိုင်းက ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်က သေဆုံးခဲ့တဲ့သူတွေအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ ဆုတောင်းပွဲ ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ဆုတောင်းပွဲ စီစဉ်တဲ့ မြန်မာနိုင်ငံလူငယ်အစည်းအရုံး လပွတ္တာမြိုနယ် ဥက္ကဋ္ဌ ဦးသက်ထွန်းနိုင်ကတော့ နာဂစ်မှာ သေဆုံးခဲ့သူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းပွဲ ပြုလုပ်တာ ဖြစ်ပြီး ဘာသာရေးပဋိပက္ခ မဖြစ်ပွားစေဖို့လည်း ရည်ရွယ်တယ်လို့် အခုလို ပြောပါတယ်။

“ဗုဒ္ဓဘာသာပွဲလုပ်တဲ့အခါမှာ အစ္စလာမ် ဘာသာဝင်တွေက ကောင်းရာမွန်ရာ မရောက်ဘူးပေါ့နော်၊ အကျိုးမခံစားရဘူးလို့ ထင်တယ်။ အစ္စလာမ်ဘာသာ ဆုတောင်းတဲ့ အခါမှာလည်း ဗုဒ္ဓဘာသာက လူတွေက ကုသိုလ်မရဘူးလို့ ကျနော်တို့ စိတ်ထဲမှာ ခံစားရတယ်ခင်ဗျ။ လူမျိုးပေါင်းစုံလည်း ကောင်းရာမွန်ရာ ရောက်အောင်လို့၊ လူမျိုးပေါင်းစုံလည်း သာဓုခေါ်လို့ရအောင်လို့ပေါ့ ကျနော်တို့ဆီမှာ ဘာသာရေး ပဋ္ဋိပက္ခမဖြစ်သေးဘူးပေါ့နော်။ မဖြစ်သေးတဲ့အခါမှာ ထပ်မံကာကွယ်တဲ့အနေနဲ့ တဖက်နဲ့တဖက်လည်း ပွင့်ပွင့်လင်းလင်း ဖြစ်သွားအောင်လို့ အမြင်တွေ အားလုံး ကြည်လင်သွားအောင်လို့ အားလုံးကိုပေါင်းပြီးတော့ ဆုတောင်းတဲ့သဘောမျိုးပေါ့။”

နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ် ထိခိုက်ပျက်စီးခဲ့သလို လပွတ္တာမြို့နယ်မှာ ရှိတဲ့ကျေးရွာတွေမှာ လူသေဆုံးမှု များပြားခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ခဲ့သူတွေအနေနဲ့ အခုအချိန်အထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လပွတ္တာမြို့ခံတဦးကလည်း အခုလို ပြောပါတယ်။

“နာဂစ်ကြောင့် ဒုက္ခသည်ရောက်တဲ့သူတွေ လိုအပ်နေတာကတော့ အထွေထွေပါပဲဗျာ။ နေဖို့တောင် မရှိဘူး။ ပေးထားတဲ့အိမ်ဆိုတာလည်း အများဆုံး ခံရင် ၂ နှစ်ခွဲလောက်ပဲ။ အခုဆို ပြိုပျက်ပြီ။ နောက်ပြီးတော့ တကယ်ဒုက္ခရောက်တဲ့သူတွေကို ပေးတယ်ဆိုတာထက် သူတို့ရဲ့ လက်သင့်ရာ စားတော်ခေါ်ပေးတာဗျ။ နောက်ဆုံးတော့ ဘယ်သူကောင်းစားလဲဆိုတော့ ကန်ထရိုက်တွေပဲ ကောင်းစားသွားတယ်။ အန်ဂျီအိုတွေ ကောင်းစားသွားတယ်။”

လက်ရှိ လပွတ္တာမြို့နယ်မှာ နာဂစ်မုန်တိုင်းကြောင့် ရောက်လာတဲ့ဒုက္ခသည်တွေ မရှိတော့ဘဲ မူလကျေးရွာတွေတွေမှာ လုပ်ကိုင်စားသောက်နေကြတယ်လို့ မြန်မာနိုင်ငံ လူငယ်အစည်းအရုံး လပွတ္တာမြို့နယ်ဥက္ကဋ္ဌ ဦးသက်ထွန်းနိုင်က ပြောပါတယ်။

“နာဂစ်တုန်းက ဒုက္ခသည်တွေ အခြေအနေက အခုဆိုရင် ၆ နှစ်ရှိပြီ ဖြစ်တဲ့အတွက် သူတို့ရွာတွေ သူတို့ အကုန်ပြန်ရောက်သွားပြီပေါ့နော်။ ဒုက္ခသည်တွေဆိုတာကတော့ မရှိတော့ပါဘူး။ သူတို့ရွာမှာ သူတို့ အကုန်ပြန်ရောက်သွားပြီး ရပ်တည်နေနိုင်တဲ့ သဘောမျိုး ရှိသွားပါပြီ။ ဒုက္ခသည်လိုတော့ သီးသန့်မရှိတော့ပါဘူး။”

တရားဝင်ထုတ်ပြန်ချက်တွေအရ ၂၀ဝ၈ ခုနှစ် မေ ၂ ရက်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံနဲ့ ဒေးဒရဲစတဲ့ မြို.နယ်တွေ အပါအ၀င် ရန်ကုန်တိုင်းဒေသမှာ ထိခိုက်ပျက်ဆီးမှုတွေကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013