DVB Logo
Home
မြန်မာသတင်း
အရာတော်စပါးခင်းများ ပိုးကျပျက်စီး၊ ထောက်ပံ့ကြေး မရသူများ
DVB
·
May 2, 2014
အရာတော်စပါးခင်းများ ပိုးကျပျက်စီး၊ ထောက်ပံ့ကြေး မရသူများ
1 / 2
Donate to DVB

အရာတော်မြို့နယ်က စပါးခင်းတွေ ပိုးကျပျက်စီးလို့ အစိုးရက ထောက်ပံ့ကြေး ပေးပေမယ့် မရရှိသူတွေက အများစု ဖြစ်နေပါတယ်။

အရာတော်မြို့နယ် နေရာခင်းကျေးရွာက စပါးခင်းတွေမှာ စစ်ပိုးတွေ ကျပြီး စပါးခင်းပျက်ခဲ့တဲ့အတွက် အစိုးရက တဧက မျိုးစေ့ဖိုး ၄၆၅၀၀ ကျပ် ထောက်ပံ့ကြေးပေးခဲ့ရာမှာ အများစုက မရရှိတဲ့အတွက် အရာတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

A Yar Tawအရာတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါက်တာ ဦးခင်မောင်သင်းက “စာရင်းဇယားမှန်ကန်စွာနဲ့ ပေးတာမဟုတ်ဘဲ ဘက်လိုက်ပေးတာမျိုး ပေါ်နေပါတယ်။ သူတို့နဲ့ နီးစပ်သူတွေ အဲဒီလူတွေဆိုရင် ဧကနည်းနည်းနဲ့ ပိုက်ဆံအများကြီးရတယ်။ သူတို့နဲ့ မပတ်သက်တဲ့ လူတွေကျတော့ ဧကများပြီး ပိုက်ဆံက မရဘူး ဖြစ်နေတယ်။ အဲလို ပြဿ နာတွေ ဖြစ်လာတော့ ကျနော်တိုကို လာပြီး အကူအညီတောင်းပါတယ်။ ဒီကိစ္စတွေကို ဆောင်ရွက်ပေးပါဆိုပြီး ဒါ့ကြောင့် ကျနော်တို့ မီဒီယာနဲ့ တွေ့ဆုံနိုင်အောင် ဖန်တီးပေးတာပါ” လို့ ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့တောင်သူဦးရေ ၁၅၀၊ ၁၆၀ လောက်ရှိတယ်။ မရတဲ့ တောင်သူက ၁၂၃ ဦးလောက် ရှိပါတယ်။ ရတဲ့ တောင်သူတွေက တောင်သူကြီးတွေ ဖြစ်ပြီးတော့ သူတို့က တဧကကို ၄၆၅၀၀ ဆိုတာ စာရင်းထဲမှာပဲ ရှိပါတယ်။ တကယ့်တကယ်ပေးတဲ့အခါကျတော့ တဧကကို ၁ သာင်းခွဲ ဒါပေမယ့် တချို့ကျ မတူပါဘူး။ အဲလို မညီမျှမှုတွေ ရှိနေလို့ သူတို့ကို ပြောတော့လည်း သူတို့က နိုင်ငံတော် တာဝန်ရှိသူတွေ ချပေးတာ မင်းတို့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးဆိုပြီး အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ပြောပါတယ်။”

အခုလို စပါးပိုးကျပြီး လယ်တွေပျက်စီးရတဲ့ တောင်သူတွေအတွက် ထောက်ပံ့ကြေး ပေးတဲ့အခြေအနေနဲ့ပတ်သက်ပြိး အရာတော်မြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးတင်စိန်က အခုလို ပြောပါတယ်။
“လယ်တွေ ဆင်းပြီး ပျက်စီးတုန်းက ကောက်ထားတဲ့ စာရင်းတွေ ရှိတယ်ဗျ။ အဲဒီစာရင်းတွေမှာ ပါလာတဲ့လူတွေကို ပေးဖို့ဆိုပြီး ဒါပဲ ကျနော်တို့က သိတာပေါ့လေ။ အဲဒါကြောင့် ခုန ကျနော်ပြောတဲ့ အုပ်စုတွေကနေပြီး ခေါင်းဆောင် ရှိတယ်၊ အဖွဲ့ဝင်တွေ ဖွဲ့စည်းပြီးမှ ပေးတာပါ။ ပေးတဲ့နေရာမှာ အဖွဲ့ဝင်တွေပါတာပေါ့။ အဲဒါတွေနဲ့ ကျေးရွာအုပ်စုတွေကို သွားရောက်ပြီး ပေးတယ်လို့ သိပါတယ်။”

အရာတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဘဌေးက ဓအဲဒီတုန်းက ကျနော်တို့ ကောက်တဲ့အပျက်စာရင်းကို တင်လိုက်တာ ၁၀ တင်း၊ ၁၅ တင်းထွက်တာလည်း ကျနော်တို့ တင်ထားတယ်။ နောက်ဆုံး ၅၀ နဲ့ ၂၅ ထိ တင်ထားတယ်။ အလွှာလိုက် အလွှာလိုက်နဲ့။ အဲဒီထဲမှာမှ ပျက်စီးဧက ၅၆၉ ဧကအတွက်ပဲ နိုင်ငံတော်က ထုတ်ပေးတယ်ဆိုတော့ အဲဒီပျက်စီးဧကတွေကို ဦးစားပေးအနေနဲ့ ကျနော်တို့ ထုတ်ပေးတာ။ နောက်ဟာတွေ အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ ပြည်သူတွေအတွက် တင်ပြမယ်။ ကျနော့်ကို တင်ပြရင် ကျနော်ကလည်း ဆက်ပြီးတော့ တင်ပြပေးမယ်ပေါ့ဗျာ။ ဒါပေမယ့် မှန်ကန်တဲ့ ဂဏန်းတော့ ဖြစ်ပါစေ။ ကျနော့်အနေနဲ့ ဆက်ပြီးတင်ပြပေးပါ့မယ်။ အဲဒီလိုတော့ ဆွေးနွေးခဲ့တယ်” လို့ ပြောပါတယ်။

ထောက်ပံ့ကြေးရရှိတဲ့အထဲမှာ တချို့က ၃ ဧက လုပ်ပြီး ၁ ဧကဖိုးပဲ ရခဲ့ပေမယ့် တချို့ကတော့ လယ်မြေထဲမှာ လုံးဝ လယ်မစိုက်ဘဲ အိမ်ဆောက်နေသူတွေက ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောက်ပံ့ကြေးမရရှိတဲ့အထဲက တောင်သူတချို့ရဲ့ လယ်တွေမှာ စပါးအနည်းငယ် ရရှိပေမယ့် အဲဒီစပါးတွေကို ကြိတ်လိုက်တဲ့အခါမှာ ကြေမွသွားပြီး ရောင်းချလို့လည်းမရ ချက်စားလည်းမရ အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ဖို့၊ မပေးဆပ်နိုင်ပါက ဖမ်းဝရမ်းထုတ်မယ်လို့ အကြောင်းကြားစာ ရောက်ရှိနေတဲ့အတွက် စိုးရိမ်ပူပန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013