DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဦးစီးအရာရှိနှင့် ၁ နှစ်သားတို့ကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
October 11, 2022
ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဦးစီးအရာရှိနှင့် ၁ နှစ်သားတို့ကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင် တဦးရဲ့ ဇနီးလည်းဖြစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှ ဦးစီးအရာရှိဖြစ်သူ နဲ့ ၁ နှစ်အရွယ်သားဖြစ်သူအား အောက်တိုဘာ ၁၁ ရက် မနက်မှာ စရဖ တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူတို့သားအမိကို (စရဖ)တပ်ဖွဲ့ဝင်တွေက ကား ၂ စီးနဲ့ ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီလောက်မှာ စစ်တွေမြို့က  ရခိုင်ပြည်နယ်လွှတ်တော်ရုံးခြံဝင်း ဝန်ထမ်းလိုင်းခန်းက ဖမ်းဆီးခေါ်ဆောင်သွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှ ဒုဦးစီးဖြစ်သူ ဒေါ်စောပုံ့ပုံ့အောင် (၃၁ နှစ်) နဲ့ သူမရဲ့ ၁ နှစ်အရွယ် သားငယ်တို့ဖြစ်ပြီး သူမရဲ့အမျိုးသားဖြစ်သူ ဦးအောင်မြတ်သိန်းမှာ မောင်တောမြို့(စရဖ)တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိ ရန်ကုန်၌ သင်တန်းတက်ဖို့ သွားနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သူမတို့ သားမိနှစ်ဦးအား စစ်တွေ(စရဖ) တပ်ဖွဲ့က ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသလို မောင်တောမြို့မှ သူမရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူမတို့သားမိနှစ်ဦးကို ဖမ်းဆီးသွားပြီး (စရဖ)တပ်ဖွဲ့ဝင်များက ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး။ သူမဖုန်းကိုလည်း ဖုန်းဆက်လို့မရဘူး။" 

ဒေါ်စောပုံ့ပုံ့အောင်တို့ သားအမိကို အခုလို စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့က ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013