DVB Logo
Home
ကျန်းမာရေး
လပွတ္တာမြို့ပေါ် ဆေးရုံပြန်ဖွင့်ရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မည်
DVB
·
May 2, 2014
လပွတ္တာမြို့ပေါ် ဆေးရုံပြန်ဖွင့်ရေး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မည်
Donate to DVB

လပွတ္တာမြို့ပေါ်ရှိ ဆေးရုံပြန်ဖွင့်ဖို့အတွက် ဒေသခံ ၇၀၀ ကျော်လောက်က မေ ၃ ရက်နေ့ နံနက် ၉ နာရီ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မယ်လို့ လပွတ္တာ ဒေသခံ ဦးသိန်းဌေးက ပြောပါတယ်။

laputtar welcome board“မတ်လထဲမှာ တခေါက်ပြပြီးပြီ။ သက်ဆိုင်ရာက ဘာမှလုပ်မပေးလို့ တရားဝင်စာတင်ပြီး အခုထပ်ပြတာပါ” လို့ ဆိုပါတယ်။

လပွတ္တာမြို့ပေါ်ရှိ ဆေးရုံကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆေးရုံအသစ် တည်ဆောက်ကာ၂၀၁၁ ခုနှစ်မှာ ဆေးရုံဟောင်းကို တရားဝင် ပိတ်သိမ်းခဲ့ပါတယ်။

လပွတ္တာမြို့နယ် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဆေးရုံဟောင်း အနီးမှာ နေထိုင်ကြလို့ လူနာတွေက မြို့သစ်ဆေးရုံကို သွားရောက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013