DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ဟောပြောမည်
DVB
·
May 2, 2014
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ဟောပြောမည်
Donate to DVB

လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။

[caption id="attachment_51810" align="alignleft" width="300"]ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် -- ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် -- ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]ရန်ကုန်မြို့က ဟောပြောပွဲအသေးစိတ်ကို လာမယ့် ၅ ၇က်နေ့ကျရင် ထုတ်ပြန်ကြေညာ သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။

ရန်ကုန်ဟောပြောပွဲပြီးရင်တော့ မေလ ၁၈ ရက်နေ့မှာ မန္တလေးမြို့ လုပ်ဆောင်ဖို့ ရှိတာဖြစ်ပြီး အဓိကအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဖြစ်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ပါ တယ်။ နောက်ဆက်တွဲ လှုပ်ရှားမှုအနေနဲ့ အခုလို ဟောပြောပွဲတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ဦးဂျင်မီက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013