
မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကစပွန်ဆာဖြစ်တဲ့ အီတီဟတ်လေကြောင်းလိုင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို တရားဥပဒေအရ အရေးယူဖို့ စဉ်းစားနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်မှာ အီတီဟတ်ရဲ့ စပွန်ဆာပေးမှု တွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံရတာကြောင့် ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေက အီတီဟတ်ရဲ့ စီးပွားရေးပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အတွက် အခုလို တုံ့ပြန်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
အီတီဟတ်လေကြောင်းလိုင်းဟာ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်တွေမှာ မရိုးမသား လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှု ဆုံးဖြတ်ချက်တွေဟာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ယူဆနေကြတာပါ။
ဒါကြောင့် သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ သေချာ တိုင်ပင်ပြီး တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
Photo:Reuters










