DVB Logo
Home
မြန်မာသတင်း
မေ ၁၉ ရက်မတိုင်ခင် ကေအိုင်အိုနှင့် အစိုးရ တွေ့မည်
DVB
·
May 1, 2014
မေ ၁၉ ရက်မတိုင်ခင် ကေအိုင်အိုနှင့် အစိုးရ တွေ့မည်
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လက်ခံလိုက်ပြီး မေ ၁၉ ရက်နေ့မတိုင်ခင် တွေ့ဆုံမယ်လို့  ပြောဆိုလိုက်ပါတယ်။

ဧပြီ ၂၉ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မေလ ၁၀ ရက်နေ့ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။

[caption id="attachment_55835" align="alignleft" width="300"]ကေအိုင်အိုနဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး   ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက မြစ်ကြီးနားမြို့တွင် ကျင်းပစဉ် ကေအိုင်အိုနဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက မြစ်ကြီးနားမြို့တွင် ကျင်းပစဉ်[/caption]

ဒီကမ်းလှမ်းချက်ကို  အစိုးရဘက်က လက်ခံကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောဆိုပြီး  တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ မေလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ တွေ့ဆုံမှာ ဖြစ်တဲ့အတွက် ဒီရက်မတိုင်ခင် ကေအိုင်အိုနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်က စာလက်ခံရရှိတော့ အကြောင်းပြန်ထားတယ်။ ၀န်ကြီး ဦးအောင်မင်းတို့တော့ ပိုသိနိုင်တယ်။ ညှိနှိုင်းမယ်ဆိုရင် ရက်ကိုတော့ အကြောင်း မပြန်ရသေးဘူး။ ဒီနေ့လည်း မေဒေးဖြစ်နေတော့ နောက်ရက်တွေမှာ အကြောင်းပြန်မှာပါ။ ရက်က အန်စီစီတီနဲ့ မတိုင်ခင်ဖြစ်မှာပါ။ အန်စီစီတီက ၁၉ ရက်နဲ့ ၂၀ ရက်နေ့ပါ။”

လက်ရှိကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ  ဖြစ်ပွားနေတဲ့  တိုက်ပွဲတွေကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ ဖြစ်လာနိုင်သလို  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပျက်အောင် ဆွေးနွေးလိုတာလို့ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောဆိုထားပါတယ်။

       ဆွေးနွေးပွဲကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဗီဂျေနန်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မစ္စတာ ၀မ်ရင်ဖန်၊ ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့တို့ကို ဖိတ်ကြားသွားမယ်လို့ ၀န်ကြီးဦးအောင်မင်းဆီ ကေအိုင်အိုက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းမှာ တဖက်နဲ့တဖက် အပစ်အခတ်တွေ ထပ်မံမဖြစ်အောင် ထိန်းချုပ်ဖို့ အစိုးရနဲ့သဘောတူခဲ့ကြပြီး တိုက်ပွဲတွေ ငြိမ်သက်နေရာက  ဧပြီလဆန်းပိုင်းကစလို့ နှစ်ဘက်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲတွေဟာလည်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပြည်လုံး အပစ်ရပ်ရေး ပူးတွဲသဘောတူညီချက် ပထမမူကြမ်းရရှိပြီး နှစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    မေ ၁ ရက်နေ့ သမ္မတရဲ့ မိန့်ခွန်းမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးရရှိခဲ့တဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို အခြေခံပြီး မကြာမီကာလမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်သားတွေကို ကတိပြုထားတဲ့အတိုင်း လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။

ဒီအပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက “ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရအနေနဲ့ တကယ်တည်ဆောက်ချင်တဲ့ ဆန္ဒ ရှိ၏၊ မရှိ၏ ဆိုတာကို တိတိလင်းလင်းပြောဖို့ လိုမယ်။ စကားလုံးတွေကို ဝှေ့ဝိုက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ပြည်ထောင်စုတို့ ဘာတို့ ဆိုတာထက် ဖက်ဒရယ်ပြည်ထောင်စုဆိုလည်း ဖက်ဒရယ်ပြည်ထောင်စုပေါ့ဗျာ။ အဲဒီလို တိတိလင်းလင်း ပြောကြားခြင်းအားဖြင့် တိုင်းရင်းသားတွေဘက်ကနေပြီး သံသယကြီးထွားမှုတွေနဲ့ မယုံမကြည်ဖြစ်မှုကို အများကြီး လျော့ချပေးသွားနိုင်မယ်။

“နောက်တချက်က အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီး ကျင်းပသွားမယ်ဆိုရာမှာ အားလုံးပါဝင်တယ်ဆိုတဲ့ အသုံးအရ လွှတ်တော်အတွင်းက လူတွေလည်း ပါရမှာပဲလေ။ အဲဒီမှာ ထပ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းက ဆိုပြီး တခါထပ်ပြီး ကန့်ပြန်တယ်။ အဓိပ္ပာယ်တွေက အမျိုးမျိုးထွက်နေတယ်။ အဲဒီအပေါ်မှာလည်း တိုင်းရင်းသားတွေအနေနဲ့ နားရှင်းရှင်း မရှိဘူးလို့ မြင်တယ်ဗျ။ ကျနော်ကဖြစ်စေချင်တာက တိတိလင်းလင်း ရှင်းရှင်းလင်းလင်း ကဲ… ကျနော်တို့အားလုံး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြရအောင် သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ တဆင့်ချင်း တဆင့်ချင်း တည်ဆောက်သွားရအောင်လို့ဆိုရင် အဲဒီလောက်ဆိုရင် ကျနော်တို့ အလုပ်လုပ်လို့ ရပြီ” လို့ သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013