DVB Logo
Home
မြန်မာသတင်း
အလုပ်သမားနေ့တွင် လုပ်ခလစာတိုးရေးနှင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဆန္ဒပြ
DVB
·
May 1, 2014
အလုပ်သမားနေ့တွင် လုပ်ခလစာတိုးရေးနှင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဆန္ဒပြ
Donate to DVB

တနေ့လုပ်ခလစာ ၅၆၀၀ ရရှိရေး၊ အမြဲတမ်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ် သတ်မှတ်ရေး၊ အလုပ်သမားတွေကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၄၃၆၊ ၅၉ (စ) စတဲ့ ပုဒ်မတွေ ပြင်ဆင်ပေးဖို့ အလုပ်သမား ၂၀၀ လောက်က တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၁၂၄ နှစ်မြောက် အလုပ်သမားနေ့မှာ ဒီကနေ့မနက်ပိုင်းက မဟာဗန္ဓုလပန်းခြံကို တပတ်ပတ်ပြီး အလုပ်သမား ၂၀၀ လောက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

4MayDay Worker Strike for Right01052014ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ဝင် ကိုနန္ဒာစစ်အောင်က “မေဒေးနေ့ အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးတွေအတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရတက်မှသာလျှင် အလုပ်သမားအခွင့်အရေး ဒီထက်ပို သေချာခိုင်မာစွာရနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူလူထုရဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းလာဖို့အတွက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှရမယ်လို့ ယုံကြည်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးတွဲတောင်းဆိုခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လိုင်သာယာစက်မူဇုန်က အထည်ချုပ်အလုပ်သမား မကြည်ကြည်လင်းကတော့ အလုပ်ချိန် ၈ နာရီ ဆင်းရပေမယ့် အလုပ်ရှင်တွေဘက်က လုပ်ခလစာပေးတာ နည်းပါးတာကြောင့် စားဝတ်နေရေး ခက်ခဲတယ်လို့ ပြောပါတယ်။

“အလုပ်ရှင်တွေက အလုပ်သမားတွေကို အလုပ်ချိန်များများခိုင်းပြီးတော့ လစာကို နည်းနည်းပဲ ပေးတဲ့အတွက်ကြောင့် အလုပ်သမားတွေက မခံမရပ်နိုင်အောင် ဖြစ်နေကြပါတယ်။ ကျမတို့ လစာက ၇ သောင်းခွဲ ၈ သောင်းလောက်ပဲရပါတယ်။ မိသားစု စားဝတ်နေရေးအတွက် အများကြီး မတောင်းဆိုပါဘူး။ ၁ သိန်းခွဲလောက် ရရင်ကျေနပ်ပါတယ်။ မနက် ၈ ည ၈ အလုပ်ဆင်းရတဲ့ အတွက်ကြောင့် မို့လို့ပါ။ ရေတွေဆိုရင် မသန့်တဲ့ရေတိုက်တာတွေရှိတယ်။ ၀န်ထမ်းဘက်က အလုပ်နည်းနည်းနောက်ကျရင် ဒဏ်ငွေ ရိုက်တာတွေရှိတယ်။”

မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက “အနိမ့်ဆုံး လုပ်အားခကို ဒေသအလိုက် အတိအကျ သတ်မှတ်ဖို့ လိုတယ်။ ဒါပေမယ့် အလုပ်လက်မဲ့ဖြစ်နှုန်းကို သေသေချာချာ စာရင်းဇယား ကောက်ယူပြီး အလုပ်လက်မဲ့ဖြစ်နှုန်းကို အလုပ်အကိုင် ဘယ်လိုရှာဖွေပေးမလဲဆိုတာ သိပ်အဓိက ကျတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အောင်မြေသာယာ ဘောလုံးကွင်းမှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာတနိုင်ငံလုံးက အလုပ်သမားတွေနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လည်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို တောင်ကြီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013