DVB Logo
Home
မြန်မာသတင်း
၈ လအတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၁,၀၀၀ ကျော်ဖြစ်ခဲ့ပြီး ၇၂ ဦးသေဆုံး၊ ကျပ်သန်း ၄၀၀ ကျော်ဆုံးရှုံး
DVB
·
October 6, 2022
၈ လအတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၁,၀၀၀ ကျော်ဖြစ်ခဲ့ပြီး ၇၂ ဦးသေဆုံး၊ ကျပ်သန်း ၄၀၀ ကျော်ဆုံးရှုံး
Donate to DVB

၂၀၂၂ ခုနှစ် ၈ လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၇၂ ယောက်သေဆုံးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၄၀၀ ကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၁,၁၂၉ ကြိမ်ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူ ၇၂ ယောက်သေဆုံးကာ ၁၀၁ ‌ေ‌ယာက် ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ် ၄ဝ၄ ဒသမ ၅၆၅ သန်းခန့် ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

“၁ လပိုင်းကနေ ၈ လပိုင်းထိဆိုရင် အများဆုံး မီးလောင်မှုဖြစ်တာ ပေါ့ဆမီး၊ လျှပ်စစ်မီးနဲ့ များတယ် လူ ၈,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်တယ်။”

၈ လတာကာလအတွင်း မီးလောင်မှု ၁,၁၂၉ ကြိမ်ဖြစ်ခဲ့ရာ လူ ၇၂ ယောက် သေဆုံး၊ ၁၀၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ် ၄ဝ၄ ဒသမ ၅၆၅ သန်းခန့် ဆုံးရှုံးကာ ပြည်သူ ၈,၀၁၁ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ်က နိုင်ငံတဝန်း မီးလောင်မှု ၂,၁၀၇ ကြိမ်ဖြစ်ခဲ့ပြီး ကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးကာ လူ ၁၀၅ ယောက်သေဆုံး၊ ၁၅၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်က မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၀ ကလည်း နိုင်ငံတဝန်း မီးလောင်မှု ၂,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၅ ယောက် သေဆုံး၊ အယောက် ၂၂၀ ဒဏ်ရာရရှိကာ ကျပ် ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013