
နော်ဝေလိဂ်ပွဲစဉ်မှာ ဘိုဒိုးဂလင်းအသင်း ပရိသတ်တွေ ပွဲကြည့်စင်ကျိုးကျပြီး အောက်ကို ပြုတ်ကျခဲ့တာကြောင့် ပရိသတ်တယောက် ဆေးရုံတင်လိုက်ရပါတယ်။
ထရွန်ဆိုအသင်းကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပရိသတ် ၅ ယောက်အထိ ကြမ်းပြင်ကျိုးကျမှုအတွင်း ထိခိုက်ခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် ပွဲစဉ်ကို ခဏရပ်နားခဲ့ရပြီး ကျန်တဲ့ပရိသတ်တွေကို တခြားနေရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ကြမ်းပြင်ဟာ ပရိသတ်တွေ သီချင်းဆို ခုန်ပေါက်နေချိန်မှာ နှစ်ပိုင်းကျိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲပြန်စချိန်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဘိုဒိုးဂလင်းအသင်းဟာ တိုက်စစ်မှူး ဘရင်ဟေးဆန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ထရွန်ဆိုကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုဒိုးဂလင်းဟာ ဗိုက်ကင်းအသင်းနဲ့အပြိုင် လိဂ်ချန်ပီယံဆုကို အပြိုင်လုနေတာ ဖြစ်ပါတယ်။











