DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်
DVB
·
April 30, 2014
လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေးကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။”

10264491_695800520458451_726190763768098321_nလက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထားမပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်မှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ လယ်တီသိမ် ဖြိုဖျက်ခဲ့တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အစီရင်ခံစာထဲမှာ ပြောတာကတော့ ဒီလိုမျိုးပြောင်းရွှေ့မယ်ဆိုရင် မူလအနေအထား မပျက်ပြောင်းရွှေ့ပေးရမယ်။ နောက်တခုက ဒေသခံများရဲ့ သဘောတူညီချက်နဲ့ ဖြစ်ရမယ်ဆိုတာ ပါတယ်။ ကျမတို့ပြောချင်တာက အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းတော့ လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးဆိုတာတော့ သေချာတာပေါ့လေ။ ဒါကို အခုဟာက လောလောဆယ် တာဝန်ရှိနေတာကတော့ အစီရင်ခံစာကို လက်တွေ့ အကောင်အထည်ဖော်နေတဲ့ ကော်မတီက တာဝန်ရှိတယ်။”

ဝမ်ပေါင်ကုမ္ပဏီ ပြည်သူ.ဆက်ဆံရေး မန်နေဂျာ ဦးအောင်ဇော်လင်းကတော့ လယ်တီသိမ် ဖြိုဖျက်ခြင်း ကိစ္စက ကုမ္ပဏီနဲ့ သက်ဆိုင်ခြင်း မရှိဘဲ အစိုးရနဲ့ သာသနာရေးဦးစီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ အခုလိုပြောပါတယ်။

“အဲဒါလုပ်တာ ကုမ္ပဏီက မဟုတ်ဘူးဗျ။ အဲဒါ အစိုးရက လုပ်တာ။ ကျနော်တို့တော့ မသိဘူး။ နောက်ဆုံးအခြေအနေကို သာသနာရေးဦးစီးဌာနကို မေးမှ သိမယ်ထင်တယ်။ အခုအချိန်အထိ နောက်ဆုံး သတင်းမရဘူး။”

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။

ဧပြီ ၂၉ ရက်နေ့ကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းမူ ၁၇ လပြည်ခဲ့ပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် ရန်ကုန်နဲ့ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013